ရှမ်းပြည်နယ်၊ မိုင်းပန်-မိုင်းဆတ် ကားလမ်း၊ ရွာသာယာကျေးရွာ၊ မိုင်တိုင်အမှတ်(၁၀၃/၄)နှင့်(၁၀၃/၅)ကြားတွင် ယမန်နေ့ ၄.၄.၂၀၂၆ ရက်နေ့၊ ၁၄နာရီ ၃၀မိနစ် အချိန်ခန့်၊ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါသည်။ မိုင်းပန်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ပေါ်ပါ ကျား(၂)ဦး၊ မ(၁)ဦးအနက် ယာဉ်မောင်းကျား(၁)ဦး(သေဆုံး)၊ ကျား(၁)ဦး(မစိုးရိမ်ရ)၊ မ(၁)ဦး(မစိုးရိမ်ရ)တို့အား ပုဂ္ဂလိကပိုင် (HILUX)ယာဉ်ဖြင့် မိုင်းပန်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။



