back

အဆင့်မြင့်ဈေးချိုတော် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလ ၆ရက်တိတိ ဈေးပိတ်မည်ဟု ကြေညာ

Apr 04 • 4:31 PM

breaking-news

Myanmar

Mandalay

cover

အဆင့်မြင့်ဈေးချိုတော် မြန်မာ့ရိုးရာနှစ်သစ်ကူးသင်္ကြန်ကာလ ၆ရက်တိတိ ဈေးပိတ်မည်ဟု ကြေညာ

မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲ‌တော်ကာလတွင် မန္တလေးမြို့၊ အဆင့်မြင့်ဈေးချိုတော်ကြီးကို ၆ရက်တိတိ ဈေးပိတ်ထားမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့မှ ယနေ့ဧပ...

မြန်မာ့ရိုးရာနှစ်သစ်ကူး မဟာသင်္ကြန်ပွဲ‌တော်ကာလတွင် မန္တလေးမြို့၊ အဆင့်မြင့်ဈေးချိုတော်ကြီးကို ၆ရက်တိတိ ဈေးပိတ်ထားမည်ဖြစ်ကြောင်း ဈေးအကျိုးတော်ဆောင်အဖွဲ့မှ ယနေ့ဧပြီ ၄ရက် ညနေပိုင်း လူမှုကွန်ရက်မှ ထုတ်ပြန်ကြေညာထားသည်။ဈေးပိတ်ရက်များမှ ဧပြီ ၁၂ရက်မှ ဧပြီ ၁၇ရက်အထိ ဖြစ်ပြီး ဧပြီ ၁၈ရက်မှသာ ဈေးရုံးအသီးသီးကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည်ဖြစ်သည်။သို့ပါ၍ သင်္ကြန်ကာလဈေးပိတ်ရက်ကို အနယ်နယ်အရပ်ရပ်မှ ဈေးဝယ်များ ကြိုတင်သိရှိနိုင်ရန်နှင့် ဈေးသူဈေးသားများအနေဖြင့်လည်း ဈေးပိတ်ရက်မတိုင်ခင် ရုံတွင်းရှိ ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းခဲ့ကြပါရန်၊ လျှပ်စစ်မိန်း ဘရိတ်ကာများကို သေချာစွာ စစ်ဆေးပိတ်ခဲ့ရန် အသိပေးထားသည်။





news-view-count-icon

39