back

တနင်္သာရီမြို့နယ်၊တကူနှင့် သာရဘွင်ကျေးရွာတို့တွင် ကွမ်းသီးခြောက်ထုသည့် အလုပ်သမားရှားနေ

Apr 05 • 1:30 AM

breaking-news

Myanmar

Tanintharyi

cover

တနင်္သာရီမြို့နယ်၊တကူနှင့် သာရဘွင်ကျေးရွာတို့တွင် ကွမ်းသီးခြောက်ထုသည့် အလုပ်သမားရှားနေ

တနင်္သာရီမြို့နယ်၊ တကူကျေးရွာနှင့် သာရဘွင်ကျေးရွာတို့တွင် ကွမ်းသီးခြောက်ထုသည့် အလုပ်သမား ရှားပါးလာကြောင်း ဒေသခံများနှင့် ခြံပိုင်ရှင်များထံမှ သိရသည်။ဇန်နဝါရီလမှ...

တနင်္သာရီမြို့နယ်၊ တကူကျေးရွာနှင့် သာရဘွင်ကျေးရွာတို့တွင် ကွမ်းသီးခြောက်ထုသည့် အလုပ်သမား ရှားပါးလာကြောင်း ဒေသခံများနှင့် ခြံပိုင်ရှင်များထံမှ သိရသည်။ဇန်နဝါရီလမှစ၍ ကွမ်းသီးခြောက်ထုရန် အလုပ်သမားငှားရခက်လာကြောင်း၊ ကွမ်းသီးခြောက်ထုသူ အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း ခြံပိုင်ရှင်တစ်ဦးက ဆိုသည်။ကွမ်းသီးခြောက်ထုခြင်းမှာ ကွမ်းသီးအစိမ်းကို နေလှန်းပြီးနောက် အခွံခြောက်ကို ကွမ်းသီးအလုံးလိုက်ရရှိအောင် ဓားဖြင့်သော်လည်းကောင်း၊ ပုဆိန်ဖြင့်သော်လည်းကောင်း ခွာယူခြင်းဖြစ်သည်။အမျိုးသမီးအများစုမှာ ပြည်ပသို့ ထွက်ခွာသွားသူ၊ နေရာပြောင်းရွှေ့ နေထိုင်သူနှင့် ခဲမိုင်းများတွင် သွားရောက်လုပ်ကိုင်သူ များပြားလာသဖြင့် အလုပ်သမား ရှားပါးလာခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။ကွမ်းသီးခြောက် တစ်ပုံးလျှင် ပြီးခဲ့သည့်နှစ်က ထုခ ၃,၀၀၀ ကျပ် ရှိခဲ့သော်လည်း ယခုနှစ်တွင် ၅,၀၀၀ ကျပ်အထိ ပေါက်ဈေးရှိနေသည်။

news-view-count-icon

16