back

ထိုင်းနိုင်ငံရဲ့ e-Work Permit စနစ် ပျက်ယွင်းမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့် အထောက်အထားမဲ့ ဖြစ်သွားရ

Apr 04 • 4:27 PM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံရဲ့ e-Work Permit စနစ် ပျက်ယွင်းမှုကြောင့် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့် အထောက်အထားမဲ့ ဖြစ်သွားရ

ထိုင်းနိုင်ငံရဲ့ e-Work Permit အွန်လိုင်းစနစ် ချို့ယွင်းမှုကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းနီးပါးဟာ ဧပြီလ ၁ ရက်နေ့ကစပြီး အလိုအလျောက် အထောက်အထာ...

ထိုင်းနိုင်ငံရဲ့ e-Work Permit အွန်လိုင်းစနစ် ချို့ယွင်းမှုကြောင့် မြန်မာအပါအဝင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းနီးပါးဟာ ဧပြီလ ၁ ရက်နေ့ကစပြီး အလိုအလျောက် အထောက်အထားမဲ့ ဖြစ်သွားခဲ့ကြပါတယ်။ ချွန်ဘူရီခရိုင် ပြည်သူ့ပါတီ (People’s Party) အမတ် ခွန်စဟတ်က ဧပြီလ ၂ ရက်နေ့ လွှတ်တော်သတင်းစာရှင်းလင်းပွဲမှာ ဒီအခြေအနေကို အပြင်းအထန် ထောက်ပြခဲ့တာပါ။ အလုပ်သမားတွေဟာ သတ်မှတ်ရက်ဖြစ်တဲ့ မတ်လ ၃၁ ရက်နေ့အတွင်း သက်တမ်းတိုးဖို့ ကြိုးစားခဲ့ကြပေမဲ့ အစိုးရရဲ့ စနစ်ပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် အခုလို အခက်ကြုံခဲ့ရတာ ဖြစ်ပါတယ်။



news-view-count-icon

4