back

ထိုင်းနိုင်ငံ Koh Phangan ကျွန်းရှိ တရားမဝင် ကလေးထိန်းကျောင်း နှစ်ခုကို စီးနင်းပိတ်သိမ်းပြီး နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသူတစ်ဦးကို ဖမ်းဆီး

Apr 04 • 4:26 PM

breaking-news

Thailand

Local News

cover

ထိုင်းနိုင်ငံ Koh Phangan ကျွန်းရှိ တရားမဝင် ကလေးထိန်းကျောင်း နှစ်ခုကို စီးနင်းပိတ်သိမ်းပြီး နိုင်ငံခြားသားများနှင့် မြန်မာနိုင်ငံသူတစ်ဦးကို ဖမ်းဆီး

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားကျွန်းတစ်ခုဖြစ်တဲ့ Koh Phangan ကျွန်းပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ တရားမဝင် ကလေးထိန်းကျောင်း နှစ်ခုကို ရဲတပ်ဖွဲ...

ထိုင်းနိုင်ငံရဲ့ နာမည်ကျော် ခရီးသွားကျွန်းတစ်ခုဖြစ်တဲ့ Koh Phangan ကျွန်းပေါ်မှာ ခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားတဲ့ တရားမဝင် ကလေးထိန်းကျောင်း နှစ်ခုကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်း ပိတ်သိမ်းလိုက်ပါတယ်။ ဒီစီးနင်းမှုအတွင်း ကျောင်းပိုင်ရှင်တွေနဲ့ ဝန်ထမ်းတွေဖြစ်ကြတဲ့ အစ္စရေး၊ ထိုင်းနဲ့ မြန်မာနိုင်ငံသားတွေကိုပါ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ပထမဆုံး စီးနင်းခဲ့တဲ့နေရာဟာ ကျောင်းသဏ္ဌာန် ပြင်ဆင်မွမ်းမံထားတဲ့ အဆောက်အအုံတစ်ခုဖြစ်ပြီး ရှာဖွေစစ်ဆေးချိန်မှာ အသက် ၂ နှစ်ကနေ ၅ နှစ်အတွင်းရှိတဲ့ နိုင်ငံခြားသား ကလေးငယ် ၁၃ ဦးကို တွေ့ရှိခဲ့ရပါတယ်။ ဒုတိယမြောက် စီးနင်းခဲ့တဲ့ တရားမဝင် ကလေးထိန်းကျောင်းမှာလည်း အသက် ၂ နှစ်ကနေ ၅ နှစ်ကြား ကလေးငယ် ၁၀ ဦး သင်ခန်းစာ တက်ရောက်နေတာကို တွေ့ရှိခဲ့ရပါတယ်။



news-view-count-icon

5