ပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံတွင် ကြိုတင်သွားရောက်လေ့ကျင့်ပြင်ဆင်မည့် မြန်မာယူ-၁၇ အမျိုးသမီးအသင်းမှာ ဧပြီ(၁၈)ရက်နေ့တွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။ ကနဦးက အသင်းအနေဖြင့် နိုင်ငံတကာခြေစမ်းပွဲအပြင် ခြေစမ်းခရီးစဥ်များ သွားရောက်ရန် စီစဉ်ထားသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ပျက်ခဲ့ပြီးနောက် ပြိုင်ပွဲကျင်းပမည့် တရုတ်နိုင်ငံတွင်သာ သွားရောက်လေ့ကျင့်ပြင်ဆင်ရန် သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယူ-၁၇ အာရှအမျိုးသမီးဖလားပြိုင်ပွဲကို မေလ (၁)ရက်၌ ကျင်းပမည်ဖြစ်ရာ မြန်မာအသင်းအနေဖြင့် အိမ်ရှင်တရုတ် ၊ ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေသည်။



