ကချင်တိုင်းရင်းသား အဆိုတော် ဂျက်ဆန်ထွန်းသည် ဦးနှောက်သွေးကြောပြတ် ဝေဒနာဖြင့် တရုတ် နိုင်ငံတွင် ဆေးကုသစဉ် ကွယ်လွန်ကြောင်း ထွက်ပေါ်နေသောသတင်းများအရ သိရသည်။ ဂျက်ဆန်ထွန်း သည် တရုတ်နိုင်ငံတွင် ဆေးဝါးကုသရန်အတွက် ဧပြီလ (၃) ရက်က တရုတ်နိုင်ငံဘက်သို့ ဆေးကုသရန် ထွက်ခွာသွားကြောင်း ဗွီဒီယိုဖိုင် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ သတင်းထပ်မံ အတည်ပြုနေဆဲဖြစ်သော်လည်း ထွက်ပေါ်နေသောရုပ်သံဖိုင်များအရ ဂျက်ဆန်ထွန်း၏ ပုံစံမှာ ဝေဒနာပြင်းထန်စွာ ခံစားနေရဟန်ရှိပြီး သတိလည်ခြင်း မရှိတော့ပေ။



