တရုတ်နိုင်ငံက ယခုကျရောက်လျက်ရှိသည့် ချင်းမင်ပွဲတော် အားလပ်ရက် ခရီးသွားကာလအတွင်း ဧပြီ ၃ ရက်မှ ၇ ရက်အထိ ရထားစီးခရီးသည်ခရီးစဉ် ၉၀.၅ သန်း ရှိလာဖွယ်ရှိကြောင်း တရုတ်နိုင်ငံ အမျိုးသားရထားလမ်းလုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။ ငါးရက်ကြာ အဆိုပါခရီးသွားကာလအတွင်း နေ့စဉ် ပျမ်းမျှခရီးစဉ် ၁၈.၁ သန်း ရှိမည်ဟု ခန့်မှန်းလျက် China State Railway Group Co., Ltd. က ဧပြီ ၄ ရက်၌ တစ်ရက်တာအတွင်း စုစုပေါင်း ခရီးစဉ် ၂၁.၂ သန်းဖြင့် ခရီးသွားလာမှု အမြင့်ဆုံးဖြစ်မည်ဟု ခန့်မှန်းထားသည်။ ချင်းမင်ပွဲတော် သို့မဟုတ် တရုတ်သင်္ချိုင်းကန်တော့ပွဲ (Tomb-Sweeping Day) သည် ယခုနှစ် ဧပြီ ၅ ရက်တွင် ကျရောက်ခြင်းဖြစ်သည်။



