back

ချင်းမိုင်ခရိုင် ၊ ချင်းဒေါင်းမြို့ မှာ တောမီးကြောင့် ထွက်ပြေးနေတဲ့ကျားသစ်တစ်ကောင်တွေ့

Apr 04 • 4:20 PM

breaking-news

Thailand

Local News

cover

ချင်းမိုင်ခရိုင် ၊ ချင်းဒေါင်းမြို့ မှာ တောမီးကြောင့် ထွက်ပြေးနေတဲ့ကျားသစ်တစ်ကောင်တွေ့

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်ထဲက အုမ်ကွိုင် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအတွင်း တောမီးကြောင့် ထွက်ပြေးနေရတဲ့ ကျားသစ်တစ်ကောင်...

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်ထဲက အုမ်ကွိုင် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအတွင်း တောမီးကြောင့် ထွက်ပြေးနေရတဲ့ ကျားသစ်တစ်ကောင်ကိုတွေ့ရှိခဲ့တယ်လို့ အမှတ် (၁၆) ထိန်းသိမ်းရေးနယ်မြေ က သတင်းထုတ်ပြန်ထားပါတယ်။ တောမီးကြောင့် အသက်ဘေးက ထွက်ပြေးနေရတဲ့ ကျားသစ်ကိုမုဆိုးတွေရန်က ကာကွယ်ပေးဖို့ ၂၄ နာရီ ကင်းလှည့်ဖို့ ဘေးမဲ့တောလုံခြုံရေး ဝနန်ထမ်းတွေကို ၁၆) ထိန်းသိမ်းရေးနယ်မြေ ညွှန်ကြားရေးမှူး အမိန့်ထုတ်ပြန်ထားပါတယ်လို့ဆိုပါတယ်။ တောမီးတွေကြောင့် အုမ်ကွိုင် တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောအတွင်းက ထွက်ပြေးလာတဲ့ ကျားသစ် ဟာ ပင်းမြစ်ကမ်းဘေးက ဂူတစ်ခုအတွင်း ခိုလှုံနေပြီး အဲ့ဒီဧရိယာ အနီးကို ၂၄ နာရီ ကင်းလှည့်ဖို့ ညွှန်ကြားထားတာ ဖြစ်ပါတယ်။ 




news-view-count-icon

5