ဓ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် ၁၁လအတွင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍ၌ ရင်း နှီးမြှုပ်နှံရန် လုပ်ငန်းပေါင်း ၇၀ ကို ခွင့်ပြုပေးခဲ့ရာတွင် တရုတ်ကုမ္ပဏီများမှာ အဓိကရင်းနှီးမြှုပ်နှံသူများအဖြစ် ပါဝင်နေခြင်းဖြစ်ကြောင်း သိရပါတယ်။အဆိုပါကာလအတွင်း မြန်မာ့ကုန်ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်း ၂၂၀ ကျော် ဝင်ရောက်ခဲ့ကြောင်းလည်း သိရပါတယ်။ မြန်မာနိုင်ငံတွင် အထည်ချုပ်လုပ်ငန်းများအနေဖြင့် ဖြတ်တောက်ခြင်း၊ ထုတ်လုပ်ခြင်းနှင့် ထုပ်ပိုးခြင်း (CMP) စနစ် ဖြင့် လုပ်ငန်းလည်ပတ်နေခြင်းဖြစ်ပြီး CMP စနစ်ဖြင့်လုပ်ကိုင်သောအထည်ချုပ်လုပ်ငန်းများအပြင် အီလက်ထရော နစ်ပစ္စည်းများ၊ ဖိနပ်၊ အိတ်များ၊ ဆံပင်အတုများနှင့် ကင်မရာများကို ထုတ်လုပ်လျက်ရှိကြောင်း သိရပါတယ်။



