ရန်ကုန်တိုင်းအတွင်းရှိ CNG ဆိုင် (၄၁)ဆိုင်တွင် နေ့စဉ် မနက် လေးနာရီမှ ည(၁၁)နာရီအထိ ပိတ်ရက်မရှိ CNG ဓာတ်ငွေ့များ ရောင်းချပေးလျက်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှထုတ်ပြန်ထားသည်။သို့ရာတွင် ရန်ကုန်မြို့တွင် လျှပ်စစ်မီး မကြာခဏပြတ်တောက်နေခြင်းကြောင့် လျှပ်စစ်မီးပြတ်တောက်သည့်အခါ CNG ရောင်းချသည့်ဆိုင်များအနေဖြင့် မီးစက်မောင်း၍ ရောင်းချပေးနေသော်လည်း pressure မပြည့်သည့် ပြဿနာနှင့်ကြုံတွေ့နေရကြောင်း ယာဉ်မောင်းများကဆိုသည်။ထို့ပြင်အများပြည်သူ သယ်ယူပို့ဆောင်ရေးယာဉ်ဖြစ်သည့် YBS ယာဉ်အများစုသည်လည်း CNG အသုံးပြုအများဆုံးဖြစ်တာကြောင့် ယခုအခါ ယာဉ်လိုင်းတချို့ ရှားပါးခြင်း နှင့် စောင့်ဆိုင်းချိန်ကြာမြင့်ခြင်းတို့ကြုံတွေ့နေရတယ်လို့ ခရီးသည်တစ်ဦးကဆိုသည်။လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) ၏ကြီးကြပ်မှုအောက်တွင် ယာဉ်လိုင်းကုမ္ပဏီ ၂၁ ခုရှိပြီး ယာဉ်လိုင်း ၁၄၅ လိုင်းရှိကြောင်း၊ ယာဉ်အစီးရေ ၅၄၃၈ စီးရှိပြီး CNG အသုံးပြုယာဉ် ၅၀၁၃ စီးရှိကြောင်း YRTC ထံမှသိရသည်။



