back

တောင်ကြီးတွင် ညပိုင်း ဒရုန်းများ ဆက်တိုက်ပျံဝဲမှုကြောင့် လူငယ်များ လုံခြုံရေးစိုးရိမ်မှု မြင့်တက်

Apr 04 • 2:11 PM

breaking-news

Myanmar

Shan

cover

တောင်ကြီးတွင် ညပိုင်း ဒရုန်းများ ဆက်တိုက်ပျံဝဲမှုကြောင့် လူငယ်များ လုံခြုံရေးစိုးရိမ်မှု မြင့်တက်

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ည ၁၀ နာရီခွဲ၊ ၁၁ နာရီဝန်းကျင်အချိန်တွင် မြို့အပေါ် ဒရုန်းသံများ ကြားရပြီး အချို့ရပ်ကွက်များအပေါ်တွင် လှည့်လည်ပျံဝဲနေကြောင်း ...

ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ည ၁၀ နာရီခွဲ၊ ၁၁ နာရီဝန်းကျင်အချိန်တွင် မြို့အပေါ် ဒရုန်းသံများ ကြားရပြီး အချို့ရပ်ကွက်များအပေါ်တွင် လှည့်လည်ပျံဝဲနေကြောင်း သိရသည်။အဆိုပါ ဒရုန်းများ၏ ရည်ရွယ်ချက်ကို တိတိကျကျ အတည်ပြုနိုင်ခြင်း မရှိသေးသော်လည်း ဒေသခံများအကြား လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုများ တိုးမြင့်လာနေကြောင်း သိရသည်။ထို့အပြင် ယခုအချိန်တွင် ညပိုင်း ဖမ်းဆီးစစ်ဆေးမှုများနှင့် ပေါ်တာဆွဲခေါ်ဆောင်မှုများလည်း မကြာ ခဏ ဖြစ်ပွားနေကြောင်း ဒေသခံများက ပြောသည်။တောင်ကြီးအပါအဝင် ရှမ်းပြည်နယ်ဒေသများတွင် မကြာသေးမီကာလများအတွင်း လုံခြုံရေးတင်းကြပ်မှုများ တိုးမြှင့်လာပြီး လူငယ်များအား ဖမ်းဆီးစစ်ဆေးမှုများနှင့် ပေါ်တာဆွဲခေါ်ဆောင်မှုများ မကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။




news-view-count-icon

18