back

ရှမ်းအရှေ့တွင် စက်သုံးဆီဈေးနှင့်အတူ ယာဉ်စီးခများပါ ထိုးတက်လာ

Apr 04 • 2:11 PM

breaking-news

Myanmar

Shan

cover

ရှမ်းအရှေ့တွင် စက်သုံးဆီဈေးနှင့်အတူ ယာဉ်စီးခများပါ ထိုးတက်လာ

ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်း ပေါက်ဈေးအရ တာချီလိတ်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ထိုင်းဘတ်ငွေ ၅၈ ဘတ်၊ ဒီဇယ်တစ်လီတာလျှင် ၆၈ ဘတ် ရှိနေပြီး ပြင်ပမှောင်ခိုဈေးကွက်တွင်မ...

ယနေ့ ဧပြီလ ၄ ရက် နံနက်ပိုင်း ပေါက်ဈေးအရ တာချီလိတ်မြို့တွင် ဓာတ်ဆီတစ်လီတာလျှင် ထိုင်းဘတ်ငွေ ၅၈ ဘတ်၊ ဒီဇယ်တစ်လီတာလျှင် ၆၈ ဘတ် ရှိနေပြီး ပြင်ပမှောင်ခိုဈေးကွက်တွင်မူ တစ်လီတာလျှင် ဘတ် ၁၂၀ အထိ ရှိနေသည်။ ထို့အတူ တာချီလိတ်မှ ကျိုင်းတုံသို့ ပြေးဆွဲနေသည့် ယာဉ်စီးခများမှာ လူတစ်ဦးလျှင် ဘတ် ၃၅၀ အထိ ရှိလာရာ စက်သုံးဆီ အကျပ်အတည်း စတင်ဖြစ်ပွားသည့် တစ်လကျော်ကာလအတွင်း ဘတ် ၂၀၀ ခန့် ဈေးမြင့်တက်လာခြင်း ဖြစ်သည်။အခြား ရှမ်းအရှေ့မြို့များဖြစ်သည့် မိုင်းဆတ်နှင့် မိုင်းတုံမြို့များတွင် ဓာတ်ဆီတစ်လီတာလျှင် မြန်မာငွေ ၉,၀၀၀ ကျပ်အထိ ရှိနေသည်။ တောင်ကြီး-မိုင်းဆတ် ယာဉ်ငယ်ကားခမှာ ရှေ့ခန်း ၂ သိန်းခွဲ၊ နောက်ခန်း ၂ သိန်းအထိ ရှိလာပြီး၊ ယခင်လက ရှေ့ခန်း ၁ သိန်းနှင့် နောက်ခန်း ၈၀,၀၀၀ ကျပ်သာ ရှိရာမှ တစ်ဆကျော် မြင့်တက်လာခြင်းဖြစ်သည်။ထို့ပြင် ပုံပါကျင်နှင့် နားကောင်းမူးဘက်မှ တာချီလိတ်သို့ ယာဉ်စီးခမှာ ယခင်က ဘတ် ၈၀၀ မှ ၁,၀၀၀ ခန့်သာ ရှိသော်လည်း ယခုအခါ ဘတ် ၁,၂၀၀ အထိ ဈေးတက်လာကြောင်း သိရသည်။ ကျိုင်းတုံမြို့တွင်လည်း ဆီတစ်လီတာလျှင် ယခင် ၃,၂၀၀ ကျပ်မှ ယခုအခါ ၁၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်။




news-view-count-icon

17