back

ထိုင်းမှာ ဧပြီ ၇ မှ ၂၁ ထိ ရွှေ့ပြောင်းအလုပ်သမားများအား Work Permit သက်တမ်းတိုးခွင့်ထပ်ပေး

Apr 04 • 8:25 AM

breaking-news

Thailand

Local News

cover

ထိုင်းမှာ ဧပြီ ၇ မှ ၂၁ ထိ ရွှေ့ပြောင်းအလုပ်သမားများအား Work Permit သက်တမ်းတိုးခွင့်ထပ်ပေး

ထိုင်းနိုင်ငံတွင် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးသတ်မှတ်ရက်အတွင်း Work Permit သက်တမ်းတိုးရန် မမီလိုက်သည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဧပြီလ ၇ ရက်မှ ၂၁ ရက်အထိ ၁၅ ရက်...

ထိုင်းနိုင်ငံတွင် မတ်လ ၃၁ ရက်နေ့ နောက်ဆုံးသတ်မှတ်ရက်အတွင်း Work Permit သက်တမ်းတိုးရန် မမီလိုက်သည့် ရွှေ့ပြောင်းအလုပ်သမားများအတွက် ဧပြီလ ၇ ရက်မှ ၂၁ ရက်အထိ ၁၅ ရက်ကြာ e-WorkPermit စနစ်တွင် အသနားခံစာ (Request Form) တင်ပြ၍ သက်တမ်းတိုးခွင့် ထပ်မံပေးမည်ဖြစ်ကြောင်း ထိုင်းအလုပ်အကိုင်ခန့်ထားရေးဌာန (DOE) က ထုတ်ပြန်လိုက်သည်။ သက်တမ်းတိုးရန် အခက်အခဲရှိခဲ့သူများအနေဖြင့် e-WorkPermit ဝက်ဘ်ဆိုက် (eworkpermit.doe.go.th) ရှိ "အသုံးပြုမှုပြဿနာများအား အကြောင်းကြားရန်" (แจ้งปัญหาการใช้งาน) မီနူးမှတစ်ဆင့် အချက်အလက်များ ပြည့်စုံစွာဖြည့်စွက်၍ တင်ပြရမည်ဖြစ်သည်။

အသနားခံစာ တင်ပြထားသူများကို ဧပြီလ ၂၂ ရက်မှ ၃၀ ရက်အတွင်း အာဏာပိုင်များက စစ်ဆေးအတည်ပြုပေးမည်ဖြစ်သည်။ People Party ၏ ထုတ်ပြန်ချက်အရ ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမား ၁ သန်းခန့်မှာ မတ်လ ၃၁ ရက် နောက်ဆုံးရက်ကို မမီခဲ့သဖြင့် တရားမဝင်ဖြစ်မည့်အရေး ကြုံတွေ့နေရကြောင်း သိရသည်။ ထို့ကြောင့် အလုပ်သမားများအနေဖြင့် ယခုပေးအပ်သည့် ၁၅ ရက်တာကာလအတွင်း အမြန်ဆုံး လျှောက်ထားကြရန်လိုအပ်ကြောင်း သိရှိရပါသည်။

news-view-count-icon

10