back

ရန်ကုန် ဝါးတရာစက်မှုဇုန် ကော်စေ့စက်ရုံရှိ အလုပ်သမားများ အရေပြားရောဂါဖြစ်

Apr 04 • 8:26 AM

breaking-news

Myanmar

Yangon

cover

ရန်ကုန် ဝါးတရာစက်မှုဇုန် ကော်စေ့စက်ရုံရှိ အလုပ်သမားများ အရေပြားရောဂါဖြစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City Co., Ltd ကော်စေ့စက်ရုံမှ အလုပ်သမားများသည် မတ်လ ၁၉ ရက်နေ့မှစတင်ကာ အမှိုက်ထုပ်များဖေ...

ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ ဝါးတရာစက်မှုဇုန်ရှိ True Green City Co., Ltd ကော်စေ့စက်ရုံမှ အလုပ်သမားများသည် မတ်လ ၁၉ ရက်နေ့မှစတင်ကာ အမှိုက်ထုပ်များဖောက်၍ ကုန်ကြမ်းခွဲခြားရသည့်လုပ်ငန်းကြောင့် လက်ခြေများနီရဲယောင်ကိုင်းခြင်းနှင့် မျက်နှာယားယံခြင်းအပါအဝင် အရေပြားရောဂါများကို ပြင်းထန်စွာခံစားနေရကြောင်း Solidarity of Trade Union Myanmar (STUM) က ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါစက်ရုံသည် အလုပ်သမားများ၏ ကျန်းမာရေးအတွက် အကာအကွယ်ပစ္စည်းများ (PPE) ထုတ်ပေးခြင်းမရှိဘဲ ကုန်ထုတ်လုပ်မှုကိုသာ ဦးစားပေးခိုင်းစေနေပြီး၊ ကုန်ကြမ်းများတွင် ဓာတုအဆိပ်သင့်မှု ရှိ၊ မရှိ စစ်ဆေးပေးရန် အလုပ်သမားများ၏ တောင်းဆိုချက်ကိုလည်း လုပ်ငန်းရှင်ဘက်က လျစ်လျူရှုထားကြောင်း သိရသည်။ သက်ဆိုင်ရာဌာနအချို့ လာရောက်စစ်ဆေးမှုများရှိခဲ့သော်လည်း အလုပ်သမားများမှာ နေ့စဉ်ရက်ဆက်ဆိုသလို ဓာတ်မတည့်မှုဝေဒနာများကို ဆက်လက်ခံစားနေရဆဲဖြစ်ကြောင်းသိရှိရပါသည်။

news-view-count-icon

16