မြန်မာနိုင်ငံ၊ တာချီလိတ်မြို့နှင့် နယ်စပ်ချင်းထိစပ်နေသည့် မယ်ဆိုင်မြို့မှ ချင်းရိုင်းခရိုင်သွား ကားလမ်းမပေါ်တွင် တရားမဝင် စီးကရက်များ သယ်ဆောင်လာသည့် မြန်မာနိုင်ငံသား၂ ဦးအား ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်း Maesaipress က ယမန်နေ့တွင် ဖော်ပြသည်။ဧပြီ ၂ ရက် ညနေပိုင်းက မယ်ဆိုင် - ချင်းရိုင်း ကားလမ်းရှိ ဝမ်ဖန်ခမ်းဒေသတွင် မြန်််မာနိုင်ငံသား၂ ဦးပါရှိသည့် ဗင်ကားတစ်စီးကို ထိုင်းတာဝန်ရှိသူများက တားဆီးစစ်ဆေးရာမှ အကောက်ခွန် ရှင်းလင်းရေး စာရွက်စာတမ်းများ မပြနိုင်သည့် ဘတ်ငွေ ၃ သန်းကျော် တန်ဖိုးရှိ စီးကရက်လိပ်ရေ ၆ သိန်းခွဲကို စစ်ဆေးတွေ့ရှိသဖြင့် ဖမ်းဆီးခံရကြောင်း သိရသည်။ထို့နောက် ဖမ်းမိစီးကရက်များနှင့် ကားကို သက်သေခံအဖြစ် သိမ်းယူပြီး မြန်မာနိုင်ငံသား ၂ ဦးကိုထိုင်းနိုင်ငံ အကောက်ခွန်ဥပဒေ B.E.2560 (2017)အရ ဖမ်းဆီးပြီး မယ်ဆိုင်ရဲစခန်းတွင် ထိန်းသိမ်း၍ အရေးယူထားကြောင်း သိရသည်။
ထိုင်းတွင် ဘတ် ၃ သန်းကျော် တန်ဖိုးရှိ တရားမဝင်စီးကရက်များ သယ်ယူလာသည့် မြန်မာနိုင်ငံသား၂ ဦး အဖမ်းခံရ
Apr 04 • 8:24 AM
Thailand
Local News
Share
| 10 | 0 | 0 | 0 |


