တာချီလိတ်မြို့ရှိ နာမည်ကြီး ရဂျီးနားဟိုတယ် (Regina Hotel) အွန်လိုင်းလောင်းကစားရုံကို ဝင်ရောက်ဖမ်းဆီးရာတွင် အဆိုပါလုပ်ငန်းပိုင်ရှင် ထိုင်းနိုင်ငံသား၏ ညီဖြစ်သူအပါအဝင် ထိုင်းနိုင်ငံသား ၅၀ ဦး (ကျား ၂၉၊ မ ၂၁) ကို ဖမ်းဆီးရမိခဲ့သည်။ ဧပြီလ ၂ ရက်နေ့က ပြုလုပ်ခဲ့သော အဆိုပါဖမ်းဆီးမှုတွင် မီးခံသေတ္တာအတွင်းမှ ဘတ်ငွေ သိန်း ၁၅၀ ကို ထပ်မံရှာဖွေတွေ့ရှိခဲ့သဖြင့် စုစုပေါင်းသိမ်းဆည်းရမိငွေ ပိုမိုများပြားလာခဲ့သည်။ သတင်းရင်းမြစ်များ၏အဆိုအရ ဖမ်းဆီးခံရသူများကို လွှတ်ပေးရန် တစ်ဦးလျှင် ဘတ် ၅ သိန်းဖြင့် ညှိနှိုင်းမှုများရှိနေသော်လည်း လက်ရှိအချိန်ထိ ဖမ်းဆီးထားဆဲဖြစ်ကြောင်း သိရသည်။
တာချီလိတ် ရဂျီးနားအွန်လိုင်းလောင်းကစားရုံဖမ်းဆီးမှုတွင် ပိုင်ရှင်၏ညီဖြစ်သူပါ ဖမ်းမိပြီး ဘတ်သိန်း ၁၅၀ ထပ်မံသိမ်းဆည်းရမိ
Apr 04 • 8:16 AM
Myanmar
Kachin
Share
| 21 | 0 | 0 | 0 |


