back

ယခုတစ်ပတ်ရောင်းချမည့် ‌စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်

Apr 04 • 8:15 AM

breaking-news

Myanmar

Local

cover

ယခုတစ်ပတ်ရောင်းချမည့် ‌စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေး အနည်းငယ်မြင့်တက်

ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်မှ ၉ ရက်အထိ တစ်ပိသာလျှင် ၆,၆၈၀ ကျပ် ဖြစ်ကြောင်း စားအုန်းဆီ တင်သွင်းသိုလှော...

ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်မှ ၉ ရက်အထိ တစ်ပိသာလျှင် ၆,၆၈၀ ကျပ် ဖြစ်ကြောင်း စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်အပတ်က သတ်မှတ်ဈေးနှုန်းဖြစ်သည့် ၆,၆၄၀ ကျပ်ထက် ၄၀ ကျပ်ခန့် အနည်းငယ် မြင့်တက်လာခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလက တစ်ပိသာလျှင် ၅,၂၅၀ ကျပ်သာ ရှိခဲ့ရာမှ မတ်လအတွင်းမှစတင်ကာ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။

ပြည်ပဈေးကွက်၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ သင့်တင့်သောဈေးနှုန်းများ ဖြစ်ပေါ်စေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။ ရန်ကုန်အထိုင်ဈေး စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၃ ရက်မှ ၉ ရက်အထိ တစ်ပိသာလျှင် ၆,၆၈၀ ကျပ် ဖြစ်ကြောင်း စားအုန်းဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။ ယခင်အပတ်က သတ်မှတ်ဈေးနှုန်းဖြစ်သည့် ၆,၆၄၀ ကျပ်ထက် ၄၀ ကျပ်ခန့် အနည်းငယ် မြင့်တက်လာခြင်းဖြစ်ပြီး၊ ပြီးခဲ့သည့် ဖေဖော်ဝါရီလက တစ်ပိသာလျှင် ၅,၂၅၀ ကျပ်သာ ရှိခဲ့ရာမှ မတ်လအတွင်းမှစတင်ကာ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်သည်။

ပြည်ပဈေးကွက်၏ ဈေးနှုန်းအတက်အကျပေါ် မူတည်၍ ပြည်တွင်း၌ သင့်တင့်သောဈေးနှုန်းများ ဖြစ်ပေါ်စေရန် ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် သတ်မှတ်ရည်ညွှန်းဈေးထက် မြှင့်တင်ရောင်းချခြင်း သို့မဟုတ် ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
news-view-count-icon

19