back

သင်္ကြန်ပိတ်ရက်တွင် YBS ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် ပြေးဆွဲမည်

Apr 04 • 8:03 AM

breaking-news

Myanmar

Local

cover

သင်္ကြန်ပိတ်ရက်တွင် YBS ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် ပြေးဆွဲမည်

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) သည် သင်္ကြန်ကာလအတွင်း အများပြည်သူ သွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက်...

ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) သည် သင်္ကြန်ကာလအတွင်း အများပြည်သူ သွားလာရေး အဆင်ပြေစေရန်အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၃ ရက် (သင်္ကြန်အကြိုနေ့) မှ ဧပြီလ ၁၇ ရက် (သင်္ကြန်အတက်နေ့) အထိ YBS ယာဉ်အစီးရေ ၁၀၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးသွားမည်ဖြစ်သည်။ YBS ကုမ္ပဏီ ၁၅ ခုမှ ယာဉ်လိုင်းပေါင်း ၇၁ လိုင်း (ဥပမာ- YBS ၁၊ ၆၊ ၂၃၊ ၃၇၊ ၄၃၊ ၅၄၊ ၆၅၊ ၉၂၊ ၁၁၉၊ ၁၄၄ စသည်) ဖြင့် ပြေးဆွဲပေးမည်ဖြစ်ပြီး၊ ယာဉ်စီးခများကိုလည်း သတ်မှတ်ထားသည့် ပုံမှန်နှုန်းထားအတိုင်းသာ ကောက်ခံရန် ညွှန်ကြားထားသည်။ အကယ်၍ သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံပါက YRTC ထံ တိုင်ကြားနိုင်ပြီး၊ နှစ်ဆန်း ၂ ရက်နေ့တွင် ယာဉ်လိုင်းအားလုံး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

news-view-count-icon

21