back

ငလျင်ပြင်းထန်ဇုန်အတွင်းတည်ရှိသော ရေလှောင်တမံများ၏ လုံခြုံရေးနှင့် ခံနိုင်ရည်အခြေအနေကိုသုံးသပ်၍ ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ဘေးကင်းလုံခြုံစေရေးလုပ်ဆောင်ရန် လိုအပ်

Apr 04 • 8:00 AM

breaking-news

Myanmar

Local

cover

ငလျင်ပြင်းထန်ဇုန်အတွင်းတည်ရှိသော ရေလှောင်တမံများ၏ လုံခြုံရေးနှင့် ခံနိုင်ရည်အခြေအနေကိုသုံးသပ်၍ ပိုမိုကြံ့ခိုင်မှုရှိစေရေးနှင့် ဘေးကင်းလုံခြုံစေရေးလုပ်ဆောင်ရန် လိုအပ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ငလျင်ပြင်းထန်ဇုန်အတွင်းရှိ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုကို နိုင်ငံတကာစံနှုန...

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က ငလျင်ပြင်းထန်ဇုန်အတွင်းရှိ ရေလှောင်တမံများ၏ ကြံ့ခိုင်မှုကို နိုင်ငံတကာစံနှုန်းများဖြင့် ပြန်လည်သုံးသပ်ပြီး ဦးစားပေးအဆင့်လိုက် ပြုပြင်ရန်နှင့် အနာဂတ်အဆောက်အအုံများကို Myanmar National Building Code (MNBC) 2025 နှင့်အညီ တည်ဆောက်ရန် တိုက်တွန်းပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်နှင့် မြန်မာနိုင်ငံအလယ်ပိုင်းရှိ ဆည်တမံကြီးများ ကျိုးပေါက်မှုမရှိသော်လည်း ပင်မတမံ၊ ရေလွှဲဆည်နှင့် တူးမြောင်းအချို့ ပျက်စီးကာ မြေအက်ကြောင်းများ ဖြစ်ပေါ်ခဲ့သဖြင့် ဝန်ကြီးဌာနအနေဖြင့် နေ့ညမပြတ် ပြုပြင်လျက်ရှိရာ မကြာမီ ဆည်ရေပြန်လည်ပေးဝေနိုင်တော့မည်ဖြစ်သည်။ ယမန်နေ့က ကျင်းပသည့် "မန္တလေးငလျင်ကြီးအပေါ် အလျင်အမြန်ပြန်လည်ကုစားခြင်းနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ခြင်း" စကားဝိုင်းတွင် ပြည်ထောင်စုဝန်ကြီးက အဆိုပါ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပြည်သူလူထုပါ ပူးပေါင်းဆောင်ရွက်ကြရန် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

news-view-count-icon

23