back

Call Center သို့ တိုင်ကြားမှုအရ အရေးယူထားသည့် စက်သုံးဆီဆိုင် ၁၈ ဆိုင်ထိရှိပြီး မြောက်ဒဂုံမြို့နယ်တွင် စက်သုံးဆီသိုလှောင်ထားသူနှင့် ဒဂုံမြို့နယ်တွင် ယာဉ်ဆီတိုင်ကီမှ စက်သုံးထုတ်ယူရောင်းချသူတို့ကို ဖမ်းဆီးအရေးယူထား

Apr 04 • 5:55 AM

breaking-news

Myanmar

Local

breaking-news
cover

Call Center သို့ တိုင်ကြားမှုအရ အရေးယူထားသည့် စက်သုံးဆီဆိုင် ၁၈ ဆိုင်ထိရှိပြီး မြောက်ဒဂုံမြို့နယ်တွင် စက်သုံးဆီသိုလှောင်ထားသူနှင့် ဒဂုံမြို့နယ်တွင် ယာဉ်ဆီတိုင်ကီမှ စက်သုံးထုတ်ယူရောင်းချသူတို့ကို ဖမ်းဆီးအရေးယူထား

စွမ်းအင်ဝန်ကြီးဌာန Call Center သို့ တိုင်ကြားလာသည့် သတင်းများအရ တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုများကို ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်မှုအနေဖြင...

စွမ်းအင်ဝန်ကြီးဌာန Call Center သို့ တိုင်ကြားလာသည့် သတင်းများအရ တရားမဝင်စက်သုံးဆီ ဖြန့်ဖြူးရောင်းချမှုများကို ဥပဒေနှင့်အညီ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်မှုအနေဖြင့် မြောက်ဒဂုံမြို့နယ် (၂၉) ရပ်ကွက် အောင်သစ္စာလမ်း အိမ်အမှတ် ၃၃၃ ဦးကျော်မြင့်၏ နေအိမ်တွင် ဒီဇယ်ဆီဟု ယူဆရသော စက်သုံးဆီ ဂါလန် ၅၀ အား ပီပါသုံးလုံးအတွင်း သိုလှောင်ထားရှိပြီး ဆီစုပ်ပန့် နှစ်လုံး လက်ရိုက်ပန့် နှစ်လုံးတို့အားစစ်ဆေးတွေ့ရှိရခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် မြို့မကျောင်းလမ်းနံဘေး၌ ယာဉ်အမှတ် 31/1717 Alphard အမျိုးအစားယာဉ်သည် ယာဉ်ရှိဆီတိုင်ကီမှ ဆီကို ပိုက်ဖြင့်ထုတ်ယူရောင်းချလျက်ရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး အဆိုပါလမ်းနံဘေးရှိ ဦးဝသုန်ပိုင် တရားမဝင်ဆီရောင်းချသူထံမှ ဒီဇယ်ဆီဟု ယူဆရသော စက်လုံးဆီ ဂါလန် ၉ဝ နှင့် ဓာတ်ဆီဟု ယူဆရသော စက်သုံးဆီ ၄၈ ဂါလန်ကို စစ်ဆေး တွေ့ရှိရသဖြင့် တရားမဝင် စက်လုံးဆီ ရောင်းချသူ ယာဉ်မောင်း ဦးဝင်းမင်းထွန်းနှင့် တရားမဝင် စက်သုံးဆီများ သိုလှောင်ရောင်းချနေသူ ဦးဝသုန်တို့ နှစ်ဦးအား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။ပြည်သူများအနေဖြင့် Code/ QR Code များကို Scan ဖတ်၍ စက်သုံးဆီဝယ်ယူရာတွင် တွေ့ကြုံရသည့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် အခြားတင်ပြ တိုင်ကြားလိုသည်များ ရှိပါက စွမ်းအင်ဝန်ကြီးဌာန Call Center ရှိ ရှိ ဖုန်းအမှတ်များဖြစ်သည့် ၀၉-၂၅၀၁၁၁၂၂၂ ၀၉-၂၅၀၁၁၁၃၃၃၊ ၀၉-၄၄၀၄၃၃၂၄ ၈၉၉၁၂၉၂၉၆ နှင့် Viber ဖုန်းအမှတ် ၀၉-၄၀၁၇၄၈၅၉၈ တို့သို့ ဆက်သွယ်တိုင်ကြားနိုင် ကြောင်းနှင့် တိုင်ကြားလာမှုအပေါ် မှန်ကန်ကြောင်း စိစစ်တွေ့ရှိရပါက ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။

news-view-count-icon

29