၄.၄.၂၀၂၆ ရက်နေ့၊ ၀၉ နာရီ၀၀ အချိန်၊ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်ကျွန်းမြို့နယ်၊ (ဃ)ရပ်ကွက်၊ လုပ်သားလမ်းသွယ်ရှိ သောက်သုံးရေလိုအပ်လျက်ရှိသော ပြည်သူများအား သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများပူးပေါင်း၍ ရေလှူဒါန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။



