ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်မှုအရ မြန်မာနိုင်ငံရှိ စာသင်ကျောင်း (၂) ကျောင်းတွင် Mini-pitch ဘောလုံးကွင်းဆောက်လုပ်လျက်ရှိရာ မကြာမီ ပြီးစီးတော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘောလုံးကွင်းတည်ဆောက်ပေးနေသည့် ကျောင်း (၂) ကျောင်းမှာ ရန်ကုန်မြို့ဒဂုံမြို့သစ်အရှေ့ပိုင်းမြို့နယ် အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းနှင့် နေပြည်တော် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်း တို့၌ ဆောက်လုပ်နေပြီး၊ ယင်းသည် အခြေခံပညာကျောင်းများအတွက် FIFA Football For Schools ဘောလုံးပံ့ပိုးမှုအပြင် FIFA Arena ဘောလုံးကွင်းများ ပံ့ပိုးတည်ဆောက်ပေးသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။



