မြန်မာ့နှစ်ကူး သင်္ကြန်ရုံးပိတ်ရက်ရှည်ကာလဖြစ်သော (၁၃.၄.၂၀၂၆)ရက်နေ့မှ (၁၆.၄.၂၀၂၆)ရက်နေ့ထိ YUPTကုမ္ပဏီလက်အောင်တွင်ပြေးဆွဲလျက်ရှိသော YBS 2/ 3/ 4/ 7/ 8/ 10/ 11/ 15/ 17/ 24/ 26/ 28/ 29/ 36/ 58/ 59/ 110/ 111/ 112/ 113/ 114/ 115/ 116/ ဒလ - ဗိုလ်တထောင် ယာဥ်လိုင်းများနှင့် GYCT ကုမ္ပဏီလက်အောက်တွင်ပြေးဆွဲလျက်ရှိသော YBS 57/ 97/ 118/ 60/ 100 ယာဥ်လိုင်းများ ယာဥ်ပြေးဆွဲမှုရပ်နားထားမည်ဖြစ်ပြီး (၁၇.၄.၂၀၂၆) နှစ်ဆန်းတစ်ရက်နေ့မှသာ ပုံမှန်အတိုင်းပြန်လည်ပြေးဆွဲသွားမည်ဖြစ်ပါသည်။ ထို့အပြင် GYCTကုမ္ပဏီလက်အာက်ရှိ YBS 1/ 9/ 16/ 19/ 23/ 103/ 119 ယာဥ်လိုင်းများအနေဖြင့် ရပ်နားခြင်းမရှိဘဲပုံမှန်အတိုင်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။



