၄.၄.၂၀၂၆ ရက်ယနေ့၊ ၀၅ နာရီ၃၀ မိနစ်အချိန်ခန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၊ ရန်ကုန်-ပုသိမ်ကားလမ်း၊ မင်းဆယ်ကျေးရွာအုပ်စု၊ လှိုင်းတာ ကျေးရွာအနီး မိုင်တိုင်အမှတ် (၅၄/၇) နှင့် (၅၅/၀) ကြားတွင် ယာဉ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပါတယ်။အဆိုပါမီးေလာင်ကြောင်းသတင်းရရှိသဖြင့် ပန်းတနော်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ပါသည်။
အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး ေ-ပန်းတနော်မြို့နယ် နားရေးကူညီမှုအသင်းမှ သူနာတင်ယာဉ်ဖြင့် ပန်းတနော်မြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။



