၂ဝ၂၆ ခုနှစ် ၊ နွေရာသီအခြေခံအားကစားသင်တန်းများ သင်တန်းဆင်းပွဲနှင့် ဝန်ကြီးချုပ်ဖလား ၈ ခရိုင်ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဧပြီ ၃ ရက်(ယနေ့)တွင် ပုသိမ်မြို့၊ကိုးသိန်း အားကစားကွင်း၌ ကျင်းပခဲ့သည်။ ယခုနှစ်ဖွင့်လှစ်ခဲ့သည့် နွေရာသီအခြေခံ သင်တန်းအားကစားနည်း (၂၀)မျိုးတွင် သင်တန်းသား/သင်တန်းသူ (၉၄၀)ဦး ၊ နည်းပြ(၆၀)ဦးဖြင့် စုစုပေါင်း(၁၀၀၀)ဦးနှင့် ဖွင့်လှစ်နိုင်ခဲ့ကြောင်း သိရသည်။ တိုင်းဒေသကြီးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေကူး၊ လက်ဝှေ့ ၊ ပြေးခုန်ပစ် ၊ ရိုးရာခြင်း ၊ ကရာတေးဒို ၊ ဝူရှူး ၊ ကြက်တောင် ၊ စစ်တုရင် ၊ စက်ဘီး စသည့် အားကစားနည်းများကို လည်း မျိုးဆက်သစ်များ ပေါ်ထွက်လာစေရေး ရည်ရွယ်၍ ယခု သင်တန်းမှာ ထည့်သွင်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။ရေကူး အားကစားနည်းအနေဖြင့် ယခုသင်တန်းတွင် သင်တန်းသား/သင်တန်း သူ (၂၅၀)ဦး ၊ လက်ဝှေ့ (၄၀)ဦး ၊ ပြေးခုန်ပစ် (၄၀)ဦး ၊ ရိုးရာခြင်း (၂၀)ဦး ၊ ကရာတေးဒို (၅၀)ဦး၊ ဝူရှူး(၆၀)ဦး၊ ကြက်တောင် (၁၂၀)ဦး၊ ပိုက်ကျော်ခြင်း(၅၀)ဦး၊ စစ်တုရင် (၂၅)ဦး၊ စက်ဘီး (၂၅)ဦး ၊ ဘော်လီဘော(၅၀)ဦး ၊ တိုက်ကွမ်ဒို(၃၅)ဦး၊ ဘောလုံး (၂၂၀)ဦး တို့က စိတ်ဝင်စားစွာဖြင့် တက်ရောက်ကြကြောင်း သိရသည်။နွေရာသီအခြေခံအားကစားသတင်တန်းများကို မတ်လ ၃ ရက်မှ ဧပြီလ ၃ ရက်အထိ တစ်လကြာကျင်းပနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



