back

ဘန်ကောက်တွင် တရားမဝင် အင်တာနေရှင်နယ်လ်စာသင်ကျောင်း စစ်ဆေးဖမ်းဆီးခံရ

Apr 03 • 3:29 PM

breaking-news

Thailand

Local News

cover

ဘန်ကောက်တွင် တရားမဝင် အင်တာနေရှင်နယ်လ်စာသင်ကျောင်း စစ်ဆေးဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ဘန်ကောက် ပရဝေ့နယ်မြေထဲမှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ အင်တာနေရှင်နယ်လ် စာသင်ကျောင်းတကျောင်းကို တာဝန်ရှိသူတွေက ဧပြီ ၁ ရက်က ဝင်ရောက်စစ်ဆေးပြီး တရားမဝင...

ထိုင်းနိုင်ငံ၊ ဘန်ကောက် ပရဝေ့နယ်မြေထဲမှာ တရားမဝင် ဖွင့်လှစ်ထားတဲ့ အင်တာနေရှင်နယ်လ် စာသင်ကျောင်းတကျောင်းကို တာဝန်ရှိသူတွေက ဧပြီ ၁ ရက်က ဝင်ရောက်စစ်ဆေးပြီး တရားမဝင် စာသင်နေတဲ့ နိုင်ငံခြားသား ဆရာ/ဆရာမ ၁၀ ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ထိုင်းသတင်း တွေမှာ ဖော်ပြပါတယ်။ စစ်ဆေးချက်အရ အဆိုပါစာသင်ကျောင်းမှာ ဖွင့်ထားတာ တနှစ်ကျော်ပြီဖြစ်ပြီး ကျောင်းဖွင့်ခွင့် မှတ်ပုံတင်ထားခြင်း မရှိဘူး၊ ကျောင်းသားပေါင်း ၁၀၀ ကျော်ရှိတယ်၊ မူကြိုနဲ့ မူလတန်း ကလေး တွေ ဖြစ်တယ်၊ ဆရာ/ဆရာမတွေကလည်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ နိုင်ဂျီးရီးယား စတဲ့ နိုင်ငံသား တွေဖြစ်ပြီး အလုပ်သမားမှတ်ပုံတင်မရှိဘူး၊ စုစုပေါင်း ၁၀ ယောက်ရှိတယ်၊ ဒါကြောင့် အဆိုပါ ဆရာ/ဆရာမတွေကိုလည်း ခွင့်ပြုချက်မရှိဘဲ အလုပ်ဝင်ရောက်လုပ်ကိုင်မှုနဲ့ အရေးယူသွားမယ်လို့ ဆိုပါတယ်။



news-view-count-icon

8