ရန်ကုန်မြို့မှ ထားဝယ်မြို့သို့ စက်သုံးဆီတင်ဆောင်လာသည့် ဆီဘောက်ဆာကားတစ်စီးကို လမ်းပိုင်းတွင် လက်နက်ကိုင်လူတစ်စုက တားဆီးပြီး စက်သုံးဆီများ ယူဆောင်သွားကြောင်း စုံစမ်းသိရသည်။စက်သုံးဆီ တင်ဆောင်လာသည့် ဆီဘောက်ဆာကားမှာ ရန်ကုန်မြို့မှ ထားဝယ်မြို့သို့လာစဉ် မတ်လ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ရေဖြူမြို့နှင့် ထားဝယ်မြို့ကြားရှိ လမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်လူတစ်စုက တားဆီးခဲ့ပြီး စက်သုံးဆီများ ထုတ်ယူခဲ့ကြောင်း ဆီလုပ်ငန်းရှင်နှင့် နီးစပ်သည့် မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။အဆိုပါ ဆီဘောက်ဆာကားမှာ ထားဝယ်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်သို့ ဆီလာပို့သည့်ကား ဖြစ်ကြောင်း သိရသည်။



