back

တောမီးလောင်နေတဲ့ ချင်းမိုင် ခရိုင်၊ ချင်းဒေါင်မြို့ မှာ ကျားခြေရာတွေတွေ့

Apr 03 • 3:24 PM

breaking-news

Thailand

Local News

cover

တောမီးလောင်နေတဲ့ ချင်းမိုင် ခရိုင်၊ ချင်းဒေါင်မြို့ မှာ ကျားခြေရာတွေတွေ့

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်က နောင်ဝူးဝါ ဒါန်း (Nong Wua Daeng) ကျေးရွာ က ပုလောပီနံ စိုက်ခင်း နဲ့ ထောပတ်သီးစိုင်ခင်း အနီးမှာ အရွယ်ရောက်ပြ...

ထိုင်းနိုင်ငံ ချင်းမိုင်ခရိုင်၊ ချင်းဒေါင်းမြို့နယ်က နောင်ဝူးဝါ ဒါန်း (Nong Wua Daeng) ကျေးရွာ က ပုလောပီနံ စိုက်ခင်း နဲ့ ထောပတ်သီးစိုင်ခင်း အနီးမှာ အရွယ်ရောက်ပြီး ကျားကြီးတစ်ကောင်ရဲ့ ခြေရာ တွေတွေ့ရှိရတာကြောင့် ဒေသခံတွေကို အရေးပေါ် သတိပေးထားပါတယ်။ ချင်းမိုင်ခရိုင်၊ ချင်းဒေါင် ဒေသဟာ တောမီးအကြီး လောင်ကျွမ်းနေတဲ့အပြင် လေထု ညစ်ညမ်းမှု အဆိုးဆုံးအခြေအနေ နဲ့ ရင်ဆိုင်နေရတာကြောင့် အရေးပေါ် အခြေအနေအနေကြေညာထားရတဲ့ မြို့နယ်တစ်ခု ဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါ ကျားခြေရာ နဲ့ပတ်သက်ပြီး ထိုင်းအာဏာပိုင်တွေ က မြန်မာဘက်မှာ တောမီးလောင်နေတာကြောင့် ချင်းဒေါင်မြို့နယ်ကို ပြောင်းရွှေ့ထွက်ပြေးလာတာတဲ့ ကျားဖြစ်နိုင်ကြောင်း ကောက်ချက်ချထားပါတယ်။ အဆိုပါ ခြေရာတွေ့ရှိတဲ့ ကျားဟာ အင်ဒိုချိုင်းနား ကျားအမျိုး အစားဖြစ်နိုင်ပြီး တောရိုင်း ကျားတစ်ကောင် ဖြစ်တယ်လို့ လည်း ထိုင်းအာဏာပိုင်တွေက ဆိုပါတယ်။ အဆိုပါ ကျားခြေရာကို ဒေသခံ တောမီးငြိမ်းသတ်ရေး အဖွဲ့တစ်ခုက ကနဦးတွေ့ရှိခဲ့တာဖြစ်ပါတယ်။




news-view-count-icon

8