back

ထိုင်းတွင် လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာ အဖြစ်များလာ

Apr 03 • 3:22 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာ အဖြစ်များလာ

ထိုင်းနိုင်ငံတွင် နှစ်စဉ် ကြုံတွေ့နေရသော လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှု ပိုများလာနေကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။ ထိုင်းန...

ထိုင်းနိုင်ငံတွင် နှစ်စဉ် ကြုံတွေ့နေရသော လေထုညစ်ညမ်းမှုကြောင့် အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှု ပိုများလာနေကြောင်း The Nation Thailand သတင်းဌာနတွင် ဖော်ပြသည်။ ထိုင်းနိုင်ငံ ဘန်ကောက်၊ ချင်းမိုင်အပါအဝင် ခရိုင်အများစုတွင် လေထုအရည်အသွေး PM 2.5 နှုန်းသည် သာမန်အဆင့်ထက် ကျော်လွန်နေပြီး ကျန်းမာရေး ထိခိုက်နိုင်သောအဆင့်ကို နှစ်စဉ် ကြုံတွေ့နေရကြောင်း ဖော်ပြသည်။ ထိုင်းနိုင်ငံ ကင်ဆာအဖွဲ့အစည်း၏ အချက်အလက်များအရ အဆုတ်ကင်ဆာရောဂါဖြစ်ပွားမှုနှုန်းသည် တစ်နေ့လျှင် ပျမ်းမျှ ၄၈ ဦးအထိ ရှိနေကြောင်း၊ လေထုညစ်ညမ်းမှုကြောင့် ရောဂါရလာသော လူနာ ၄၀ ဦးခန့်ကလည်း နေ့စဉ် အသက်ဆုံးရှုံးနေကြောင်း ဖော်ပြသည်။ လက်ရှိတွင် လေထုညစ်ညမ်းမှုသည် ကင်ဆာရောဂါဖြစ်စေသော အကြောင်းအရင်းတစ်ခုဖြစ်နေကြောင်း ဖော်ပြသည်။


news-view-count-icon

6