Microsoft ဥက္ကဋ္ဌ Brad Smith နဲ့ ထိုင်းဝန်ကြီးချုပ် အနုတင် ချာန်ဗီရာကူးလ်တို့ဟာ ဧပြီ ၂ ရက်က အစိုးရအဖွဲ့ရုံး မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ တွေ့ဆုံဆွေးနွေးမှုအတွင်း Microsoft အနေနဲ့ ထိုင်းနိုင်ငံ Cloud စနစ်နဲ့ AI အခြေခံအဆောက်အအုံတွေ ဖွံ့ဖြိုးဖို့အတွက် နောက်ထပ် ၂ နှစ်အတွင်း ဒေါ်လာ ၁ ဘီလီယံ အသုံးပြုသွားမှာ ဖြစ်တယ်လို့ The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။ ထိုင်းအစိုးရရဲ့ ရည်မှန်းချက်ဖြစ်တဲ့ "AI-First AI ကို ဦးစားပေးတဲ့နိုင်ငံအနေနဲ့ ဒေသတွင်း AI ခေါင်းဆောင် ဖြစ်လာစေဖို့ Microsoft က အပြည့်အဝ ထောက်ခံ အားပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံရဲ့ ဗဟိုကျတဲ့ တည်နေရာကြောင့် Microsoft အနေနဲ့ ထိုင်းကို ဒေသတွင်း Data Center အခြေစိုက်စခန်းအဖြစ် အသုံးပြုဖို့ အစိုးရက တိုက်တွန်းထားပြီး လိုအပ်တဲ့ ကူညီပံ့ပိုးမှုတွေ ပေးသွားမယ်လို့ ဆိုပါတယ်။



