back

ထိုင်းတွင် လောင်စာဆီလီတာ ၅၇ သန်း ပျောက်ဆုံးနေမှု အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ကိုင်တွယ်နေ

Apr 03 • 3:03 PM

breaking-news

Thailand

Local News

cover

ထိုင်းတွင် လောင်စာဆီလီတာ ၅၇ သန်း ပျောက်ဆုံးနေမှု အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) က ကိုင်တွယ်နေ

ထိုင်းပြည်တွင်း လောင်စာဆီသယ်ပို့မှုများထဲမှ ဆီလီတာ ၅၇ သန်း ကွာဟနေမှုကို စစ်ဆေးတွေ့ရပြီးနောက် အာဏာပိုင်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြေရာခံ အထူးစုံစမ်းစစ်...

ထိုင်းပြည်တွင်း လောင်စာဆီသယ်ပို့မှုများထဲမှ ဆီလီတာ ၅၇ သန်း ကွာဟနေမှုကို စစ်ဆေးတွေ့ရပြီးနောက် အာဏာပိုင်များက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ခြေရာခံ အထူးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီဖြစ်သည်။ ယခုဆီကိစ္စကို တရားရေးဝန်ကြီးဌာနနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) တို့ ဦးဆောင်ဖော်ထုတ်နေပြီး စူရတ်ဌာနီရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းစဉ်များကို အဓိကထား စစ်ဆေးနေပါသည်။ ဆီသိုလှောင်ရုံခြောက်ခုသို့ ရေနံတင်သင်္ဘော ၉၆ ကြိမ်ဖြင့် ပို့ဆောင်ခဲ့သည့် ဆီလီတာပေါင်း ၂၁၇ သန်းအနက် သန်း ၁၆၀ သာ သတ်မှတ်နေရာကို ရောက်လာခဲ့ကြောင်း တွေ့ရှိရသည်။ ယခုဖြစ်ရပ်ကြောင့် ပို့ဆောင်မှုကြန့်ကြာခြင်း၊ လမ်းကြောင်းလွှဲခြင်းနှင့် ပင်လယ်ပြင်တွင် တရားမဝင် လွှဲပြောင်းမှုများအပါအဝင် စနစ်ကွင်းဆက်အတွင်း ခြယ်လှယ်မှုများ ရှိနိုင်သည်ဆိုသည့် စိုးရိမ်မှုများ မြင့်တက်လာခဲ့သည်။



news-view-count-icon

9