တရုတ်နိုင်ငံ၊ ဟောင်ကောင်အထူးအုပ်ချုပ်ခွင့်ရဒေသ (HKSAR) ၏ လွန်ခဲ့သည့်နှစ်အတွင်း ပြည်ပကုန်သွယ်မှုမှာ ကြံ့ကြံ့ခံမှုရှိခဲ့ပြီး အားရစရာကောင်းသော ရလဒ်ရရှိခဲ့ကြောင်း၊ တရုတ်ပြည်မကြီး၊ အမေရိကန်၊ ဂျာမနီနှင့် နယ်သာလန် စသည့်နိုင်ငံတို့ပြီးနောက် ကမ္ဘာ့ကုန်စည်ကုန်သွယ်မှုတွင် ပဉ္စမမြောက် အကြီးဆုံး ကုန်သွယ်ရေးအဖွဲ့အစည်း ဖြစ်လာကြောင်း HKSAR အစိုးရ၏ ကူးသန်းရောင်းဝယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွင်းဝန် ချိုးရင်းဟွက ဧပြီ ၂ ရက်၌ ပြောကြားခဲ့သည်။ ကမ္ဘာ့စုစုပေါင်း ကုန်စည်ကုန်သွယ်မှုအနေဖြင့် နှစ်စဉ် ၁၇.၅ ရာခိုင်နှုန်း တိုးလာပြီး အမေရိကန်ဒေါ်လာ ၁,၅၈၅ ဘီလီယံ ရှိကာ ကမ္ဘာ့စုစုပေါင်း၏ ၃ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။



