back

ဂျပန်တွင် နေအိမ်အတွင်း ဝင်ရောက်ပြီး ငွေတိုက်သေတ္တာ လုယက်ခဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် လွှဲပြောင်း

Apr 03 • 2:57 PM

breaking-news

Japan

Local News

cover

ဂျပန်တွင် နေအိမ်အတွင်း ဝင်ရောက်ပြီး ငွေတိုက်သေတ္တာ လုယက်ခဲ့သူ ၃ ဦးကို ရဲတပ်ဖွဲ့က တရားစွဲဆိုရန် လွှဲပြောင်း

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ၊ ချီဘစီရင်စု၊ ခိမိဆုမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်အတွင်း ဝင်ရောက်လုယက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ဦ...

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဂျပန်နိုင်ငံ၊ ချီဘစီရင်စု၊ ခိမိဆုမြို့မှာ ဖြစ်ပွားခဲ့တဲ့ နေအိမ်အတွင်း ဝင်ရောက်လုယက်မှုနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရတဲ့ အမျိုးသား ၃ ဦးကို ဧပြီလ ၂ ရက်နေ့မှာ အစိုးရရှေ့နေရုံးကို လွှဲပြောင်းပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ သံသယရှိသူ အိုအုမိ ယူဆုကဲ (Oumi Yusuke) အပါအဝင် လူ ၃ ဦးဟာ ဖေဖော်ဝါရီလ ၂ ရက်နေ့ မနက်အစောပိုင်းမှာ ခိမိဆုမြို့၊ နိရှိဟာရာမှာရှိတဲ့ နေအိမ်တစ်လုံးအတွင်း အတင်းအဓမ္မ ဝင်ရောက်ခဲ့ကြတာပါ။ အဲဒီနောက် အသက် ၇၈ နှစ်အရွယ် အိမ်ရှင်အမျိုးသားကို ဒဏ်ရာရအောင် လုပ်ခဲ့ပြီး၊ အတွင်းထဲမှာ ယန်း၁သန်း၄သိန်း(သောင်း၁၄၀) ခန့် ပါဝင်တဲ့ ငွေတိုက်သေတ္တာကို လုယက်ခဲ့တယ်လို့ သံသယရှိခြင်း ခံထားရပါသည်။





news-view-count-icon

3