တရုတ်နိုင်ငံက နှစ်စဉ် ယူနစ် ၁၀,၀၀၀ ကျော် ထုတ်လုပ်နိုင်စွမ်းရှိသည့် လူပုံစံတူစက်ရုပ် အလိုအလျောက် တပ်ဆင်ထုတ်လုပ်ရေးစနစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကာ မိနစ် ၃၀ လျှင် စက်ရုပ်တစ်ရုပ်နှုန်းဖြင့် ထုတ်လုပ်ပေးမည်ဖြစ်သည်။ ယင်းသည် တရုတ်နိုင်ငံအနေဖြင့် လူပုံစံတူစက်ရုပ်များကို အမြောက်အမြားထုတ်လုပ်ရာတွင် အရေးပါသော တိုးတက်မှုတစ်ခုလည်းဖြစ်သည်။



