back

ပထမအချီမှာပင် ပြိုင်ဘက်၏ တိုက်ဒူးချက်ဖြင့် အလဲထိုးခံခဲ့ရသည့် သန့်ဇင်

Apr 03 • 2:50 PM

breaking-news

Myanmar

Local

cover

ပထမအချီမှာပင် ပြိုင်ဘက်၏ တိုက်ဒူးချက်ဖြင့် အလဲထိုးခံခဲ့ရသည့် သန့်ဇင်

ယနေ့ ဧပြီ (၃) ရက်၌ ကျင်းပပြုလုပ်သည့် ONE FF-149 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာသန့်ဇင်ကို ပြိုင်ဘက် ထိုင်းဖိုက်တာ ဂျာရတ်စ်ချိုင်းက ပထမအချီမှာပင် ဒူးတိုက်ချက်ဖြင့် အလ...

ယနေ့ ဧပြီ (၃) ရက်၌ ကျင်းပပြုလုပ်သည့် ONE FF-149 ပွဲစဉ်အတွင်း ရိုးရာဖိုက်တာသန့်ဇင်ကို ပြိုင်ဘက် ထိုင်းဖိုက်တာ ဂျာရတ်စ်ချိုင်းက ပထမအချီမှာပင် ဒူးတိုက်ချက်ဖြင့် အလဲထိုးခံခဲ့ရပြန်ပြီဖြစ်သည်။၎င်းတို့ပြိုင်ဘက်နှစ်ဦးသည် ဖလိုင်းဝိတ်တန်း၌ ယှဥ်ပြိုင်ခဲ့ခြင်းဖြစ်သလို အမြင့်တိုက်ဒူးချက်အပြင် အမြင့်ကန်ချက်ထိကာ လဲကျသွားခဲ့ပြီး ပြန်မထနိုင်တော့သည်အထိ ဖြစ်ခဲ့ရသည်။ပြိုင်ဘက်ဖြစ်သူမှာ အလဲထိုးဖြင့် ချက်ထရီက ချီးမြှင့်သည့် ဘောနပ်ဆုကို (၃) ကြိမ်မြောက် ရယူနိုင်ခဲ့သူဖြစ်ပြီး ၎င်းသည် (၃) ပွဲကစား (၃)ပွဲကို ဒူးပျံတိုက်ချက်ဖြင့် အနိုင်ယူခဲ့သူလည်းဖြစ်သည်။



news-view-count-icon

20