back

အာရှဖလားခြေစစ်ပွဲအပြီး မြန်မာ့လက်ရွေးစင်အသင်း အဆင့် (၅) ဆင့် မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁၅၈) နေရာ၌ ရပ်တည်နေ

Apr 03 • 2:52 PM

breaking-news

Myanmar

Local

cover

အာရှဖလားခြေစစ်ပွဲအပြီး မြန်မာ့လက်ရွေးစင်အသင်း အဆင့် (၅) ဆင့် မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁၅၈) နေရာ၌ ရပ်တည်နေ

အာရှဖလားခြေစစ်ပွဲအပြီး မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အဆင့် (၅) ဆင့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁၅၈) နေရာ၌ ရပ်တည်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်...

အာရှဖလားခြေစစ်ပွဲအပြီး မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် အဆင့် (၅) ဆင့်မြင့်တက်ခဲ့ပြီး ကမ္ဘာ့အဆင့် (၁၅၈) နေရာ၌ ရပ်တည်နေကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ် နှစ်ပွဲတွင် အာဖဂန်နစ္စတန်၊ ပါကစ္စတန်အသင်းတို့ကို အနိုင်ကစားပြီးနောက် မြန်မာအသင်းအနေဖြင့် အာဆီယံအဆင့် (၇)၊ အာရှအဆင့် (၃၁) နှင့် ကမ္ဘာ့အဆင့် (၁၅၈) မှာ ရပ်တည်နေခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။မြန်မာအသင်းအနေဖြင့် ကမ္ဘာ့အဆင့် ရပ်တည်မှု (၁၆၃) မှ (၁၅၈) ကို မြင့်တက်လာခြင်းဖြစ်ပြီး၊ ယင်းသည် နည်းပြချုပ် ဦးမျိုးလှိုင်ဝင်း ကိုင်တွယ်စဥ်အတွင်း ပထမဆုံးအကြိမ်ကမ္ဘာ့အဆင့်သို့ တက်လှမ်းလာနိုင်ခဲ့ခြင်းလည်းဖြစ်သည်။အာရှဖလားခြေစစ်ပွဲ လက်ကျန်ပွဲစဉ်အတွင်း မြန်မာအသင်းအနေဖြင့် အာဖဂန်နစ္စတန်အသင်းနှင့် ပါကစ္စတန်အသင်းကို (၂) ဂိုး (၁) ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


news-view-count-icon

12