back

ကျုံပျော်တွင် ဒီဇယ်ဆီသယ်ဆောင်လာသည့် အမျိုးသား ၃ ဦးကို ရဲများက ဖမ်းဆီး အမှုဖွင့်

Apr 03 • 2:47 PM

breaking-news

Myanmar

Ayeyarwady

cover

ကျုံပျော်တွင် ဒီဇယ်ဆီသယ်ဆောင်လာသည့် အမျိုးသား ၃ ဦးကို ရဲများက ဖမ်းဆီး အမှုဖွင့်

ကျုံပျော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက် ညသန်းခေါင်ခန့်က အောင်ဆန်းရပ်ကွက်ရှိ အင်းရဲလမ်းဆုံ၌ စစ်ဆေးမှုများပြုလုပ်နေစဉ် အမျိုးသား သုံး...

ကျုံပျော်မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် မတ်လ ၃၀ ရက် ညသန်းခေါင်ခန့်က အောင်ဆန်းရပ်ကွက်ရှိ အင်းရဲလမ်းဆုံ၌ စစ်ဆေးမှုများပြုလုပ်နေစဉ် အမျိုးသား သုံး ဦးနှင့်အတူ ဒီဇယ်ဆီ ရှစ် ပုံး တင်ဆောင်လာသည့် ကားကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။ဖမ်းဆီးခံရသူများမှာ ဓနုဖြူမြို့နယ်၊ ကျုံဘောကုန်းကျေးရွာမှ ဦးပြည့်ဖြိုးအောင်၊ ခနောင်ရိုက်ကျေးရွာမှ ဦးဆန်းမင်းအောင်နှင့် ဦးမြတ်ကိုကိုမင်း တို့ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် ၎င်းတို့ သုံး ဦးကို တရားမဝင် ဒီဇယ်ဆီများ သယ်ဆောင်သည်ဟုဆိုကာ (ပ) နံပါတ် ၁၈/၂၀၂၆၊ ရေနံနှင့် ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေပုဒ်မ ၃၇ ဖြင့် အမှုဖွင့်၍ ကျုံပျော်မြို့မ ရဲစခန်းတွင် အရေးယူထားကြောင်း သိရသည်။



news-view-count-icon

15