back

နေပြည်တော်တွင်ဆီဈေးကောင်းသော်လည်း ဆီပြတ်မည်စိုးရိမ်၍ အပူဒဏ်ကိုမမှုနိုင်ဘဲ တန်းစီထုတ်ယူနေကြဟုဆို

Apr 03 • 2:45 PM

breaking-news

Myanmar

Naypyidaw

cover

နေပြည်တော်တွင်ဆီဈေးကောင်းသော်လည်း ဆီပြတ်မည်စိုးရိမ်၍ အပူဒဏ်ကိုမမှုနိုင်ဘဲ တန်းစီထုတ်ယူနေကြဟုဆို

စက်သုံးဆီစျေးနှုန်းများလည်း ယခင်အပတ်ထက် ဆက်လက်မြင့်တက်လာကာ စျေးကောင်းနေသော်လည်း ဆီပြတ်လပ်မည်ကို စိုးရိမ်၍ ဆီထုတ်ရန် အပူဒဏ်ကိုမမှုနိုင်ဘဲ နေပူပူတွင်တန်းစီကာလုပ်ဆ...

စက်သုံးဆီစျေးနှုန်းများလည်း ယခင်အပတ်ထက် ဆက်လက်မြင့်တက်လာကာ စျေးကောင်းနေသော်လည်း ဆီပြတ်လပ်မည်ကို စိုးရိမ်၍ ဆီထုတ်ရန် အပူဒဏ်ကိုမမှုနိုင်ဘဲ နေပူပူတွင်တန်းစီကာလုပ်ဆောင်လာကြကြောင်း နေပြည်တော်၊ ပျဉ်းမနားမြို့နေ ဒေသခံများထံမှ သိရသည်။စက်သုံးဆီပန့်အရောင်းဆိုင်ကြီးများတွင် ဓာတ်ဆီ (92) တစ်လီတာမှာ ပြီးခဲ့သောအပတ်က ၄၅၃၅ ကျပ်ဖြစ်ရာမှ ယနေ့(ဧပြီလ ၀၃ ရက်)တွင် ၄၇၀၅ ကျပ် ဖြစ်လာကာ ယခင်အပတ်ထက် တစ်လီတာလျှင် ၁၇၀ ကျပ်ဝန်းကျင် မြင့်တက် လာခြင်းလည်းဖြစ်သည်။

ဒလတ်တလောတွင် ဆီပန့်ဆိုင်ကြီးများမှ ဆိုင်ကယ်တစ်စီးလျှင် တစ်ပတ် ၈ လီတာရောင်းချပြီး တစ်ပတ်လျှင်နှစ်ကြိမ်ဖြင့် တစ်ကြိမ်လျှင် ၄ လီတာနှုန်း ရောင်းချနေကြောင်း၊ ဆိုင်ကယ်ဆီဘောက်စ်မှာ ၃ လီတာခန့်သာ ဝင်ဆံ့ပြီး တစ်ပတ်လျှင် နှစ်ကြိမ်သာ ထုတ်ယူခွင့်ပြုသည့်အတွက် နစ်နာမှုများရှိကြောင်းလည်း ဆိုကြသည်။



news-view-count-icon

14