မိုးညှင်းနဲ့ အင်းတော်ကြီးဒေသကို ကုန်စည်တင်ယာဉ်မောင်းနှင်နေတဲ့ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပြီးခဲ့တဲ့ မတ်လကုန်မှာ ဓားပြတိုက်ခိုက်ရပြီး သတ်ဖြတ်ခံခဲ့ရတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ကားပေါ်ပါတဲ့ ကုန်စည်တွေနဲ့ ကားကိုလည်း ယူဆောင်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ပစ်ခတ်မှုကြောင့် သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ မိုးညှင်းမြို့ရင်ခွဲရုံကို ယူဆောင်လာပြီး မနေ့က ဧပြီလ ၂ ရက်နေ့မှာ သင်္ဂြုလ်လိုက်ပြီဖြစ်တယ်လို့ ဆိုပါတယ်။ ဓားပြတိုက် လုယက်သွားသူတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့ မသိရသေးသလို ဖမ်းဆီးရမိခြင်းလည်းမရှိသေးပါဘူး။



