ဧပြီလ ၂ ရက်၊ နံနက် ၈ နာရီကျော်က နတ်မောက်မြို့၊ ရွာမွန်ကျေးရွာအုပ်စု၊ နတ်မောက်မြို့အထွက်လမ်းတွင် အိမ်စီးကားတစ်စီး အရှိန်လွန်ကာတိမ်းမှောက်ခဲ့ပြီး၊ ကားအတွင်းရှိ ဘက်ထရီရှော့ဖြစ်ရာက မီးလောင်မှုဖြစ်ပေါ်ခဲ့ကာ အမျိုး သားတစ်ဦး မီးလောင်သေဆုံးသွားကြောင်း သိရသည်။မီးလောင်မှုကို နယ်မြေခံမီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ခဲ့ပြီး၊ မီးလောင်ရာတွင်သေဆုံးသွားသည့် အမျိုးသား၏ရုပ်အလောင်းကို စိတ်ဓာတ်ဖြူစင်ဂရုဏာရှင်အသင်းမှ နတ်မောက်မြို့ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရ သည်။



