back

တောင်ကြီး-သာစည် အမှတ်(၁၄၂) အစုန် စာပို့ရထားပေါ်မှာမူးယစ်ဆေးသယ်ဆောင်သည့် မီးရထားဝန်ထမ်းများအား ဖမ်းမိ

Apr 03 • 12:28 PM

breaking-news

Myanmar

Shan

cover

တောင်ကြီး-သာစည် အမှတ်(၁၄၂) အစုန် စာပို့ရထားပေါ်မှာမူးယစ်ဆေးသယ်ဆောင်သည့် မီးရထားဝန်ထမ်းများအား ဖမ်းမိ

တောင်ကြီး-သာစည် အမှတ်(၁၄၂) အစုန် စာပို့ရထားဟာ ရွှေညောင်ဘူတာကို မတ်လ ၃၀ ရက် မနက် ၈ နာရီမှာ ရောက်ရှိစဉ် ရွှေညောင် အမှတ်(၂၅) မူးယစ်တပ်ဖွဲ့စု တာဝန်ရှိသူတွေက ရှာဖွေမ...

တောင်ကြီး-သာစည် အမှတ်(၁၄၂) အစုန် စာပို့ရထားဟာ ရွှေညောင်ဘူတာကို မတ်လ ၃၀ ရက် မနက် ၈ နာရီမှာ ရောက်ရှိစဉ် ရွှေညောင် အမှတ်(၂၅) မူးယစ်တပ်ဖွဲ့စု တာဝန်ရှိသူတွေက ရှာဖွေမှုတွေ ပြုလုပ်ခဲ့ရာ ရထားထိန်း လိုက်ပါလာတဲ့ ရထားထိန်းတွဲအခန်းမှာ တောင်ကြီးဘူတာက တင်ဆောင်လာတဲ့ တန်ဆာမဲ့သော့ခတ်ထားတဲ့ အစိမ်းရောင် ခရီးဆောင်အိတ်တွေကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ အောင်ပန်းဘူတာ ရောက်ရှိချိန်မှာ ရထားထိန်း အခန်းကို စစ်ဆေးရာ မသင်္ကာဖွယ်အစိမ်းရောင်အိတ်တွေကို မတွေ့ရှိရတော့တာကြောင့် တာဝန်ကျရထားထိန်း နေလင်းအောင်ကို မေးမြန်းခဲ့ရာမှာ အိတ်တွေကို ရွှေညောင်-ဟဲဟိုးဘူတာအကြား၊ ဘဝသံသရာကားလမ်းကူး ဂိတ်အနီးမှာ ပစ်ချထားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။အိတ်တွေ ပစ်ချခဲ့တဲ့နေရာကို အမှတ်(၂၅)မူးယစ်တပ်ဖွဲ့စု တာဝန်ရှိသူတွေ၊ မြန်မာ့မီးရထား ဒုတိယကြီးကြပ်ရေး မှူး(သွားလာ)၊ ဒုတိယကြီးကြပ်ရေးမှူး(ပို့ဆောင်)တို့က ရထားထိန်းနဲ့အတူ သွားရောက်စစ်ဆေးခဲ့ရာ ခရီးဆောင် အိတ် လေးအိတ်နဲ့ သံသေတ္တာတစ်လုံးတို့ကို တွေ့ရှိခဲ့ပြီး ဖွင့်ဖောက်စစ်ဆေးခဲ့ရာ အလေးချိန် ၁၂၁ ကီလိုရှိတဲ့ စိတ်ကြွရူးသွပ် ဆေးပြား ၁၂ သိန်း တစ်သောင်းကို တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ဒါ့ကြောင့် တာဝန်ကျရထားထိန်း နေလင်းအောင်ကို သက်သေတွေရှေ့မှာ စစ်ဆေးမေးမြန်းခဲ့ရာ အဲဒီမူးယစ် ဆေးဝါးတွေကို မနက် ၅ နာရီမှာ ယာဉ်မောင်းမိုးညွန့်လွင် မောင်းနှင်လာတဲ့ NISSAN AD VAN အမျိုးအစား ခဲရောင်ယာဉ်မှာ တရားခံ ဇေယျသူ(ခ)ဟန်ဖနဲ့ ခွန်ကျော်ထွန်းတို့နဲ့အတူ တင်ဆောင်လာပြီး တောင်ကြီးဘူတာရှိ အမှတ် (၁၄၂)အစုန်စာပို့ရထားနဲ့ တောင်ကြီးကနေ သာစည်ကို ပို့ဆောင်ခိုင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ဖမ်းဆီးရမိခဲ့တဲ့ တရားခံ လေးယောက်ကို အမှုဖွင့်ဆောင်ရွက်ထားပြီး အပြစ်ပေးအရေးယူနိုင်ဖို့နဲ့ တရားခံတွေကို ဟဲဟိုးနယ်မြေရဲစခန်းမှာ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေနဲ့ အမှုဖွင့် လှစ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။



news-view-count-icon

16