back

မြန်မာပြည် မပြန်နိုင်ရန် ခြေဖနောင့်ကြော လှီးဖြတ်ခံထားရသည့် တရုတ်မယားပြုခံရသူ အမျိုးသမီး ထွက်ပြေး လွတ်မြောက်လာ

Apr 03 • 12:30 PM

breaking-news

Myanmar

Shan

cover

မြန်မာပြည် မပြန်နိုင်ရန် ခြေဖနောင့်ကြော လှီးဖြတ်ခံထားရသည့် တရုတ်မယားပြုခံရသူ အမျိုးသမီး ထွက်ပြေး လွတ်မြောက်လာ

မြန်မာပြန် မပြန်နိုင်ရန် တရုတ်ခင်ပွန်းက ခြေဖနောင့်ကြော လှီးဖြတ်ထားသည့် တရုတ်မယားပြုခံရသူ အမျိုးသမီးတစ်ဦး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ ယမန်နေ့က ထွက်ပြေး...

မြန်မာပြန် မပြန်နိုင်ရန် တရုတ်ခင်ပွန်းက ခြေဖနောင့်ကြော လှီးဖြတ်ထားသည့် တရုတ်မယားပြုခံရသူ အမျိုးသမီးတစ်ဦး ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့သို့ ယမန်နေ့က ထွက်ပြေး လွတ်မြောက်လာကြောင်း မြို့ခံ မြင့်မြတ်ပါရမီ လူမှုကူညီရေးအသင်းထံမှ သိရသည်။ယင်းအမျိုးသမီးကို နယ်စပ် နန်းတော်ပေါက်ဂိတ်မှ သုံးဘီးကယ်ရီဆွဲသူ တစ်ဦးက စေတနာဖြင့် မြင့်မြတ် ပါရမီ အသင်းရုံး၏ အကူအညီရရှိရန် ခေါ်ဆောင်လာခြင်း ဖြစ်ကြောင်း သိရသည်။တရုတ်မယားအဖြစ်မှ ထွက်ပြေး လွတ်မြောက်လာသူ အမျိုးသမီးမှာ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က မြစ်ကြီး နားမြို့၊ (၁) ရပ်ကွက်၊ မန်ခင်အုပ်စုတွင် နေထိုင်နေစဉ် အသိအမျိုးသမီးတစ်ဦးက တရုတ်ပြည်တွင် အလုပ်ရမည်ဟုဆိုကာ ယူနန်ပြည်နယ်၊ ပေါင်စန်းမြို့မှ ယခု တရုတ်အမျိုးသားထံ ယွမ် ၈ သောင်းဖြင့် လိမ်လည် ရောင်းစားခံခဲ့ရကြောင်း သိရသည်။တရုတ်ပြည်တွင် ယင်းအမျိုးသားဖြင့် သမီးတစ်ဦီး၊ သားတစ်ဦး ရနေပြီး မြန်မာပြည်ကို တစ်ခါလောက် ပြန်ချင်သည်ဟု ပြောမိရာမှ ၎င်းမပြန်နိုင်စေရန် တရုတ်ခင်ပွန်းက ခြေဖနောင့်ကြောကို ဓားဖြင့် လှီးဖြတ်ခဲ့သဖြင့် လက်ရှိတွင် ချိုင်းထောက်ဖြင့် လမ်းလျှောက်နေရသည့် မသန်မစွမ်းတစ်ဦး ဖြစ်နေရကြောင်း သိရသည်။၎င်းက တရုတ်ပြည်တွင် ကျန်ရစ်သည့် ၁၀ နှစ်အရွယ်သမီးနှင့် ၉ နှစ်အရွယ် သားငယ်တို့၏ ပုံများပါဝင်သည့် ဖုန်းနှင့် ၎င်း၏ မှတ်ပုံတင်တို့ကို ၎င်း၏ ခင်ပွန်းထံမှ ပြန်ရလိုကြောင်း ပြောသော်လည်း တရုတ်ရဲများက မလုပ်ဆောင်ပေးခဲ့ဟု ဆိုသည်။ထို့နောက် ယနေ့ ဧပြီ ၃ ရက် နံနက်ပိုင်းကပင် မြင့်မြတ်ပါရမီအသင်း အကူအညီဖြင့် မူဆယ် - နမ့်ခမ်းမှ တစ်ဆင့် မြစ်ကြီးနားသို့ ပြေးဆွဲသည့် လင်းကမ္ဘာ(ကိုရာဇာ)လိုင်းကားမှ ယင်းအမျိုးသမီးအား အခမဲ့ခေါ်ဆောင် သွားပြီဖြစ်ကြောင်း သိရသည်။




news-view-count-icon

30