back

ဆုန်ခရန်ရုံးပိတ်ရက်အတွင်း ဒွန်မောင်းလေဆိပ်အသုံးပြုမည့် ခရီးသည်များ ၃ နာရီကြိုတင်လာရန် တိုက်တွန်း

Apr 03 • 4:50 AM

breaking-news

Thailand

Local News

cover

ဆုန်ခရန်ရုံးပိတ်ရက်အတွင်း ဒွန်မောင်းလေဆိပ်အသုံးပြုမည့် ခရီးသည်များ ၃ နာရီကြိုတင်လာရန် တိုက်တွန်း

ဘန်ကောက်ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Don Mueang Airport) ကို ဆုန်ခရန်ရုံးပိတ်ရက်ကာလအတွင်း အသုံးပြုမည့် ခရီးသည်များအနေဖြင့် လေယာဉ်မထွက်ခွာမီ အနည်းဆုံး ၂...

ဘန်ကောက်ရှိ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ် (Don Mueang Airport) ကို ဆုန်ခရန်ရုံးပိတ်ရက်ကာလအတွင်း အသုံးပြုမည့် ခရီးသည်များအနေဖြင့် လေယာဉ်မထွက်ခွာမီ အနည်းဆုံး ၂ နာရီမှ ၃ နာရီအလို ကြိုတင်ရောက်ရှိနေရန် လေဆိပ်တာဝန်ရှိသူများက တိုက်တွန်းထားသည်။ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်မှ ၁၉ ရက်အထိ ၁၀ ရက်တာကာလအတွင်း ခရီးသည်ပေါင်း ၁ သန်းကျော် (တစ်ရက်လျှင် ပျှမ်းမျှ ၁ သိန်းခန့်) ဝန်ဆောင်မှုပေးရမည်ဖြစ်ပြီး ဧပြီလ ၁၁ ရက်နေ့သည် ခရီးသွားအများဆုံးနေ့ဖြစ်မည်ဟု ခန့်မှန်းထားသည်။ ယခုနှစ်ဆုန်ခရန်ကာလတွင် ခရီးသည်ပမာဏမှာ ပုံမှန်ထက် ၅၅ ရာခိုင်နှုန်းခန့် ပိုမိုများပြားနေပြီး၊ အထူးသဖြင့် နံနက်ပိုင်းနှင့် ညနေပိုင်း လူစည်ကားချိန်များတွင် ကြန့်ကြာမှုများရှိနိုင်သဖြင့် ခရီးသည်များအနေဖြင့် Online Check-in ကြိုတင်ပြုလုပ်ထားရန်နှင့် လေယာဉ်အချိန်ဇယားများကို ဂရုပြုစစ်ဆေးရန် လိုအပ်ကြောင်းသိရှိရပါသည်။

news-view-count-icon

8