စပါးအသင်း၏ နည်းပြသစ် ဒီဇာဘီ (De Zerbi) သည် မာဆေးလ်အသင်းကို ကိုင်တွယ်စဉ်က တိုက်စစ်မှူး ဂရင်းဝုဒ် (Mason Greenwood) အပေါ် ပေးခဲ့ဖူးသည့် မှတ်ချက်စကားများနှင့် ပတ်သက်၍ စပါးပရိသတ်များကို တရားဝင် ပြန်လည်တောင်းပန်ခဲ့သည်။ ဒီဇာဘီသည် ဂရင်းဝုဒ်အား မာဆေးလ်သို့ ခေါ်ယူစဉ်က ၎င်း၏ ကိုယ်ရေးကိုယ်တာ အမှုအခင်းများကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ "လူကောင်းတစ်ယောက်" ဟု ပြောဆိုခဲ့မှုကြောင့် စပါးပရိသတ်အချို့၏ ကန့်ကွက်မှုနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်သည်။ စပါးအသင်းနှင့် ၅ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီးနောက် ပထမဆုံး အင်တာဗျူးတွင် ဒီဇာဘီက ၎င်းအနေဖြင့် မည်သည့်အကြမ်းဖက်မှုကိုမျှ အားပေးလိုစိတ်မရှိကြောင်း၊ တစ်စုံတစ်ဦး၏ ခံစားချက်ကို ထိခိုက်မိပါက တောင်းပန်ပါကြောင်းနှင့် မိမိတွင်လည်း သမီးတစ်ယောက်ရှိသဖြင့် ယခုကဲ့သို့ကိစ္စရပ်များတွင် အထိမခံနိုင်သူဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ စပါးပရိသတ်များအနေဖြင့် ၎င်း၏ ရပ်တည်ချက်အမှန်ကို နားလည်ပေးရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့သည်ကို သိရှိရပါသည်။
Apr 03 • 4:51 AM
Myanmar
International
Share
| 10 | 0 | 0 | 0 |


