Eldorado Weather ၏ ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် ထုတ်ပြန်ချက်အရ ကမ္ဘာ့အပူဆုံးမြို့ကြီး ၁၅ မြို့စာရင်းတွင် မြန်မာနိုင်ငံမှ ၈ မြို့အထိ ပါဝင်နေပြီး မင်းဘူးမြို့သည် အပူချိန် ၄၃.၂ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အဆင့် ၂ နေရာတွင် တည်ရှိနေသည်။ အဆိုပါစာရင်းတွင် မကွေး၊ မုံရွာ၊ ချောက်၊ စစ်ကိုင်း၊ မန္တလေး၊ တောင်ငူနှင့် ဟင်္သာတမြို့တို့လည်း အသီးသီး ပါဝင်နေကာ အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်မှ ၄၂ ဒီဂရီစင်တီဂရိတ်ကျော်အထိ ရှိနေသည်။ အပူဒဏ်ပြင်းထန်မှုကြောင့် မင်းဘူးမြို့ရှိ သာသနာ့ဗိမာန်နှင့် ကျောင်းတိုက်အချို့တွင် အပူရှောင်စခန်းများ ဖွင့်လှစ်ရန် စီစဉ်နေရသလို၊ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကလည်း နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး အပါအဝင် တိုင်းနှင့် ပြည်နယ်အများစုတွင် နောက် ၂ ရက်အတွင်း အပူချိန်များ ထပ်မံမြင့်တက်နိုင်ကြောင်း သတိပေးထားသည်။ တစ်ချိန်တည်းမှာပင် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့၌ မိုးတိမ်တောင်များကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်းနှင့် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်နိုင်ကြောင်း သိရှိရပါသည်။
| 52 | 0 | 0 | 0 |


