back

ဖူးခက်တွင် မူးယစ်ဆေးသုံးစွဲသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

Apr 03 • 4:43 AM

breaking-news

Thailand

Local News

cover

ဖူးခက်တွင် မူးယစ်ဆေးသုံးစွဲသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၄ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်၊ ဝိချစ်မြို့နယ်ရှိ မြေကွက်လပ်တစ်ခုအတွင်း စုဝေး၍ မူးယစ်ဆေးဝါးသုံးစွဲနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးကို ၂၀၂၆ ခုနှစ်၊ ...

ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်ခရိုင်၊ ဝိချစ်မြို့နယ်ရှိ မြေကွက်လပ်တစ်ခုအတွင်း စုဝေး၍ မူးယစ်ဆေးဝါးသုံးစွဲနေသည့် မြန်မာရွှေ့ပြောင်းလုပ်သား ၄ ဦးကို ၂၀၂၆ ခုနှစ်၊ ဧပြီလ ၂ ရက် ညပိုင်းတွင် ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ ဒေသခံများ၏ တိုင်ကြားချက်အရ ဝင်ရောက်စစ်ဆေးရာမှ အသက် ၃၃ နှစ်အရွယ် ဇော်ဇော်၊ ၂၅ နှစ်အရွယ် လင်းထက်၊ ၃၀ နှစ်အရွယ် ဖြိုးအောင်နှင့် ၃၂ နှစ်အရွယ် အေးမျိုးတို့အား စိတ်ကြွဆေးပြားများ သုံးစွဲနေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံတွင် နေထိုင်ခွင့်နှင့် အလုပ်လုပ်ကိုင်ခွင့် အထောက်အထားတစ်စုံတစ်ရာ မရှိကြောင်း တွေ့ရှိခဲ့ရသည်။ လက်ရှိတွင် ၎င်းတို့အား ဝိချစ်ရဲစခန်း၌ ထိန်းသိမ်းထားပြီး တရားမဝင် ခိုးဝင်မှု၊ အုပ်စုဖွဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတို့ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်နေကြောင်း သိရှိရပါသည်။

news-view-count-icon

6