ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ကုန်ထုတ်လုပ်မှုစရိတ် လျော့ကျစေရန်အတွက် ဒီဇယ်ဆီ HSD (500 ppm) နှင့် ဓာတ်မြေဩဇာ တင်သွင်းမှုများအပေါ် ကောက်ခံသည့် အခွန်အရပ်ရပ်ကို ၂၀၂၆ ခုနှစ်၊ ဧပြီလတစ်လလုံး (ဧပြီ ၁ ရက်မှ ၃၀ ရက်အထိ) ကင်းလွတ်ခွင့်ပြုလိုက်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။ အဆိုပါ ကင်းလွတ်ခွင့်တွင် ဒီဇယ်ဆီတင်သွင်းရာ၌ ကောက်ခံသည့် အကောက်ခွန်၊ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် ကြိုတင်ဝင်ငွေခွန် (၂) ရာခိုင်နှုန်းတို့ ပါဝင်ပြီး၊ ဓာတ်မြေဩဇာ တင်သွင်းမှုအတွက်မူ ကြိုတင်ဝင်ငွေခွန် (၂) ရာခိုင်နှုန်းကို ကင်းလွတ်ခွင့်ပြုခြင်းဖြစ်သည်။ ယင်းအခွန်ကင်းလွတ်ခွင့်များသည် အကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) စနစ်တကျ ဖွင့်လှစ်တင်သွင်းသည့် ကုန်စည်များအတွက်သာ အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 03 • 4:40 AM
Myanmar
International
Share
| 13 | 0 | 0 | 0 |


