သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် သစ်တောဖုံးလွှမ်းမှု ပြန်လည်ကောင်းမွန်လာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် ၂၀၂၆ ခုနှစ် မိုးရာသီတွင် မင်းဘူးခရိုင်အတွင်း သစ်ပင်ပေါင်း ၂၉၀,၀၀၀ ကျော် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။မင်းဘူးမြို့နယ်ရှိ ကန်ရေပျိုးဥယျာဉ် တွင် ၂၀၂၆ ခုနှစ် မိုးရာသီ၌ စိုက်ပျိုးရန် သစ်မျိုးခုနစ်မျိုးဖြင့် ပျိုးပင်ပေါင်း ၉၀,၀၀၀ ကျော် ပျိုးထောင်ထားရှိမှုအခြေအနေကို ကြည့်ရှုစစ်ဆေးပြီး သက်တမ်းနှစ်နှစ်၊ အမြင့်နှစ်ပေအထက်ပျိုးပင်များ စဉ်ဆက်မပြတ်ရရှိရေးဆောင်ရွက်သွားရန်လည်း ယမန်နေ့က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ က မင်းဘူးမြို့နယ်သို့ သွားရောက်စဉ် ပြောကြားခဲ့ကြောင်း သိရသည်။ထို့ပြင် မင်းဘူးမြို့နယ် ဆင်ခေါင်း-ဇီးအိုင် ကြိုးပြင်ကာကွယ် တောအတွင်း ၂၀၂၆ ခုနှစ် မိုးရာသီတွင် ကျေးရွာထင်းစိုက်ခင်း ဧက ၃၀၊ အထူးစိမ်းလန်းစိုပြည်ရေး စိုက်ခင်းဧက ၄၀ နှင့် ဧက ၃၀ တို့ တည်ထောင်ဆောင်ရွက်နိုင်ရေး လည်း ဆောင်ရွက်နေကြောင်း သိရသည်။စိုက်ခင်းတည်ထောင်ခြင်းလုပ်ငန်းစဉ်များ အဆင့်အလိုက် အချိန်မီပြီးစီးရေး၊ တစ်ပင်စိုက်တစ်ပင်ရှင်အောင် ထိန်းသိမ်းစောင့်ရှောက်ရေး ကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း ပြည်ထောင်စုဝန်ကြီး ကပြောကြားခဲ့ကြောင်း သိရသည်။
Apr 03 • 4:33 AM
Myanmar
International
Share
| 12 | 0 | 0 | 0 |


