အီတလီလက်ရွေးစင်အသင်းသည် ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲ မအောင်မြင်ဘဲ (၃) ကြိမ်ဆက်တိုက် လွဲချော်ခဲ့ရသည့်အတွက် အီတလီဘောလုံးအဖွဲ့ချုပ် (FIGC) ဥက္ကဋ္ဌ ဂရာဗီနာ နှင့် အားကစားဒါရိုက်တာ ဘူဖွန် တို့သည် ရာထူးမှ နုတ်ထွက်သွားကြပြီဖြစ်သည်။ ၂၀၁၈ ခုနှစ်မှစတင်ကာ တာဝန်ယူခဲ့သည့် ဂရာဗီနာသည် ပရိသတ်များနှင့် အားကစားဝန်ကြီးဌာန၏ ဖိအားပေးမှုများကြောင့် နုတ်ထွက်ခဲ့ခြင်းဖြစ်ပြီး၊ ဝါရင့်ဂိုးသမားဟောင်း ဘူဖွန်ကလည်း "အသင်းကို ကမ္ဘာ့ဖလားဆီ မပို့ဆောင်နိုင်ခဲ့တဲ့အတွက် ရာထူးက နုတ်ထွက်ပေးတာ မျှတပါတယ်" ဟု ဆိုကာ တာဝန်ယူမှုဖြင့် နုတ်ထွက်ခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် နည်းပြ ဂတ်တူဆို၏ ရာထူးမှာလည်း မရေမရာဖြစ်နေပြီး ၎င်း၏နေရာတွင် ကွန်တီ သို့မဟုတ် အယ်လီဂရီတို့နှင့် အစားထိုးရန် သတင်းများထွက်ပေါ်နေကာ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲကို ဇွန်လ ၂၂ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
Apr 03 • 4:32 AM
Myanmar
International
Share
| 7 | 0 | 0 | 0 |


